ep 46

28.8K 2.2K 79
                                    


" ကျွန်တော်နဲ့လက်ထပ်ပါ ... စစ် "

သူ့ကိုယ်သူ နားကြားမှားသွားလားဟု စစ်နေခသည်ထင်လိုက်မိပေမယ့် သူဟာနားကြားမမှားခဲ့ ။ ရှင်းကသူ့ကိုယ်ပေါ်သို့ သဘတ်တစ်ထည်ကို ပစ်ပေးလိုက်ပြီး ညင်ညင်သာသာပြုံးလျှက် သူ့နံဘေးဝင်ထိုင်လာသည် ။

" သေချာမကြားလိုက်လို့လား ။ ထပ်ပြောရမလား ။ ကျွန်တော်နဲ့ လက်ထပ်ပေးပါ ... စစ် "

စစ်နေခရဲ့ ပြုံးယောင်သမ်းနေတဲ့ နူတ်ခမ်းဟာ ချက်ချင်းကြီး ပြေလျှော့သွားသည် ။ သူပျော်ရမှာလား ၊ ဒါမှမဟုတ် အံသြရမှာလား ။ ရှင်းတစ်ယောက် ဘယ်လိုများ ဒီစကားကို အေးအေးဆေးဆေး ပြောနိုင်ရတာလဲ ။ စစ်နေခ၏အံသြစိတ်က စောနက ရှင်း ကာရန်ကို နှိပ်စက်ခဲ့တာထက် ပိုသွားသည် ။

"ဘေဘီ အခု ကိုယ့်ကို လက်ထပ်ခွင့်တောင်းနေတာလား ''

"အင်းလေ ဘာလို့လဲ ။ ခင်ဗျားက ကျွန်တော့်ကို လက်ထပ်ဖို့အထိ မတွေးဖူးလို့လား ''

"မဟုတ်ပါဘူး.......... ''

သူ ရှင်းရဲ့ မျက်ဝန်းတွေကို ရှောင်ဖယ်လိုက်သည် ။ သူပုံဖော်ခဲ့ဖူးတဲ့ပုံရိပ်တစ်ခုက တစ်ချိန်မှာ သူ့ဘက်ကစပြီး ရှင်းကို လက်ထပ်ခွင့်တောင်းမယ့် အစီအစဉ်တစ်ခု ။ သူရှင်းရဲ့မျက်ဝန်းတွေကို သတိမထားမိဘဲ ဘာဆက်လုပ်ရင်ကောင်းမလဲ ဆိုတဲ့အတွေးနဲ့တိုင်ပတ်သွားသည် ။

စစ်နေခ၏ မျက်ဝန်းတွေဟာ ကျဉ်းမြောင်းသွားပြီး ရှင်း၏အကြည့်တွေကို လွဲဖယ်လိုက်သည် ။ သူ့ချစ်သူလေးက ဘာလို့ အရာရာမှာ အရမ်းကို သွေးအေးအေးနဲ့ ဆုံးဖြတ်ရဲရတာလဲ။ လက်ထပ်မယ်ဆိုတဲ့စကားကို ခမ်းခမ်းနားနားပြင်ဆင်ထားတဲ့ နေရာတစ်ခုမှာ romantic ဆန်ဆန်တောင်းဆိုတာမဟုတ်ရင်တောင် အနည်းဆုံး အမှတ်တရနေရာတစ်ခုမှာ သေချာပြင်ဆင်ပြီး အလေးနက်ထား တောင်းဆိုတာမျိူးလောက်တော့ လုပ်သင့်တာကို ။ အခုတော့ သူဟာချစ်တင်းနှောဖို့ ကြိုးစားနေသည့်အချိန်မှာ ရုတ်တရက်ထပြောခဲ့သည် ။ အရေးကြီးဆုံးက သူ့ဘက်က စမပြောရသေးခင် ရှင်းဘက်က စပြောလာခဲ့သဖြင့် ဒါက အတော်လေးကို ပရမ်းပတာဆန်နေ၏ ။

ရှင်း ရုတ်တရက်နားမလည်နိုင် ဖြစ်သွားသည် ။ သူ့ချစ်သူကသူ့ကို စိတ်ဆိုးသွားတာလား ။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now