Part 3

1K 69 0
                                    


ရင်ခွင်လမင်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရင်ခွင်လမင်း

အပိုင်း(၃)

#ရင်ခွင်လမင်း

"အားနာပါတယ်..ညီမရယ်...ကလေးတွေနဲ့ ဆိုတော့ စာကျက်လို့ရပါ့မလား.."

"ရပါတယ်...."

"အင်း....ညစာ စားပြီးမှ ကျက်ပေါ့..အခုပဲ ခြောက်နာရီခွဲနေပြီ...."

မျက်ရည်တွေ နှပ်တွေကို လက်နဲ့ သုတ်ပြီး ထဘီမှာ ကပ်သုတ်ရင်း ပြောတော့ သက်မှာ ခေါင်းညိတ်လိုက်ရပေမဲ့ စားချင်စိတ်မရှိ..။

ဟူး..ကိုကို ဒါကြောင့် အိမ်မပြန်ချင်တာပေါ့...တကယ်ပဲ သူ့ကြောင့် ပြန်မလာတာ...။

မီးဖိုခန်းထဲ ရောက်သွားတော့ ကလေးကို လှည်းထဲ ထည့်ပြီး လက်ဆေးခါ ပန်းကန် အသေးတစ်ချက်နဲ့ ထမင်းထည့်ပြီး သူ့ သမီးရှေ့မှာ ချပေးသည်..။

"မေမေ...ခွံပေး..."

"အင်း...ထိုင်နော်...မောင်လေးကို နောက်မလုပ်ရဘူးနော်..."

"ဟုတ်..."

စကားကို တိုးတိုးသက်သာ ညင်ညင်သာသာ ပြောလိုက်တော့ ဒီမိန်းမ အသံ က ဘယ်ဆိုးလို့လည်း.....။

အဆိုတော် အသံမျိုး...ချိုချိုသာသာလေး ပါပဲ...။

"ထိုင် ညီမ..."

"ထမင်းအိုး မတည်ဘူးနော်.."

"တည်တယ်လေ...အစ်မ ယောက္ခမကြီး နဲ့ ညီမ ထိုင်နေတုန်းက တည်လိုက်တာ...ညစာ ထပ်ချက်ဖို့ ဟင်းတော့ မမှီဘူး ညီမရယ်..မနက်မှ ဈေးသွားပြီး ကောင်းကောင်းလေး ချက်ပေးမယ်နော်..."

အားနာနေတဲ့ မျက်နှာ အမူအယာနဲ့ ထမင်းပန်းကန် ရှေ့တိုးပေးတော့ သက် လှမ်းယူရင်း

ရင်ခွင်လမင်း (Complete)Where stories live. Discover now