အပိုင်း-၉

3.4K 473 32
                                    

အချစ်!?
တစ်ကယ်လို့ ခင်ဗျားကို ကျွန်တော်ချစ်ခဲ့တယ်ဆိုရင် ခင်ဗျားလောက်နီးနီး အချစ်နဲ့ အစွမ်းကုန်ပြန်ပေးဆပ်ပါ့မယ်။
ဝမ်းသာစွာနဲ့ ခင်ဗျားကျေးဇူးတင်ခဲ့မယ်ဆိုရင် ကျေးဇူးပြန်ဆပ်ပါ။
ကျွန်တော်ခင်ဗျားကို ချစ်တာထပ် ခင်ဗျားကျွန်တော့်ကို ပိုချစ်ပေးနိုင်မယ်မလား??
Nostalgia










လက်ထပ်ခွင့်!?
ဟုတ်သည်။ ထိုလက်ထပ်ခွင့်အား မအူမလည်လက်ခံခဲ့မိသည့်နေ့ အသည်းယားဖွယ်၊ ရင်ခုန်တုန်လှုပ်ရသောအနမ်းအပြင် တောင်းပန်မှုတွေပါ တသီတတန်းလိုက်ရရှိခဲ့သော ထိုနေ့ကုန်လွန်ခဲ့သည့်တိုင်  ပြန်လည်အမှတ်ရမိလေတိုင်း
ရင်ဘတ်က နွေးထွေးဆဲ
ထို့အပြင် မျက်နှာပါ ပူနွေး၍ရဲတက်လာရသည်တည့်။ ယခုလည်းစာတမ်းရေးရင်းမှပင် ဘောပင်အားလှည့်ကစားရင်း သူဘာလုပ်နေမည်နည်းဟု တွေးမိနေခဲ့ခြင်း……။ လက်တစ်ဖက်ဖြင့်မေးထောက်ရင်း လက်မှအေးစက်စက်အထိအတွေ့လေးကြောင့် သဘောတကျ မိမိလက်ကိုမိမိပြန်ငေးမိရသည်။ ဖြူလျော်နေသော အရိုးအဆစ်ထင်းသည့် လက်တစ်သွယ်၌ ပန်းနုရောင်လက်စွပ်လေးတွေက တည်ငြိမ်စွာရပ်တည်လျက်……။
သဘောတကျငေးကာ ပြုံးမိခြင်းနှင့်အတူ လက်စွပ်ကိုပေးအပ်ခဲ့သူအား စဉ်းစားနေမိသည့်အခါ အူမြူးသကဲ့သို့ ပြုံးစိစိဖြစ်နေသော မိမိကိုယ်ကို နားမလည်……။
ခေါင်းအသာယမ်းရင်းမှ စာတမ်းကိုသာအာရုံစိုက်ရန်ပြင်ရ၏။

"အရူးလိုပဲ။ ပေါက်ကရတွေပဲတွေးနေတယ်။ သူ…… အခုနိုင်ငံရေးတွေ ဆွေးနွေးနေမှာလား? ဘာများလုပ်နေမလဲမသိဘူး။ "

အတွေးတို့ဖြင့် အူမြူးနေသည့်အဖို့ဘာဂကြောင့် စာတမ်းရေးမည့်စာရွက်ဖြူဖြူတို့မှာ လျှောက်ခြစ်ရာတို့သာ ဗရပွ…… အချစ်ကိုဦးဆုံးအနေနှင့်တောင် မခံစားဖူးခဲ့သည့် ဆယ်ဟွန်း~~ ယခုဦးဆုံးအနေဖြင့် ခံစားမိသည်လား မသေချာမရေရာသည့် အခိုက်အတန့်၌ပင် ထိုသူအား ထူးထူးခြားခြား သတိရတမ်းတနေမိခဲ့ပြီဖြစ်သည်။ အတွေးလွန်နေရင်းမှ လက်မှစာတမ်းအချို့အား တိုက်ချမိသည့်အခါ ဖရိုဖရဲလွင့်စင်ကုန်သည့်စာရွက်များ……။ ဆယ်ကျော်သက်တစ်ဦးကဲ့သို့ အကဲပိုနေမိသော မိမိကိုယ်ကိုသာကျိန်ဆဲရင်း လေအဝေ့ဝဲလွင့်နေသော စာရွက်စာတမ်းတို့အား ကောက်သိမ်းမိသည့်အခါ ထူးခြားသောဖိုင်တစ်ခုအား တွေ့လိုက်ရ၍ လက်ကအလိုလိုရောက်ရှိသွားရသည်။ စာအိတ်နှင့် ချိတ်ပိတ်ထားဟန်ရှိသောဖိုင်အား ထူးဆန်း၍ စိတ်ဝင်တစားဖွင့်ကြည့်မိသည့်အခါ မရင်းနှီးသောစာတမ်းတစ်ခုအား တွေ့လိုက်ရ၍ စူးစိုက်ဖတ်မိသည်။ တစ်စုံတစ်ယောက်သော အမည်နာမအားဖတ်ရှုမိချိန်တွင် အဘယ်ကြောင့်မှန်းမသိ နှုတ်ဖျားမှတအံ့တသြ ခေါ်ဆိုမိ၏။

' Nostalgia 'Where stories live. Discover now