💫ကြယ်ကြွေ တမ်းချင်း💫

248 6 13
                                    

💫ကြယ်ကြွေတမ်းချင်း 💫

1-One day (တစ်နေ့မှာ)

ကောင်းကင်က ကြယ်တာရာကို
မော့ကြည့်မိတဲ့ အညတရကျွန်တော်ရယ်က
အမှတ်တရ ခင်ဗျားကို တွယ်တာခဲ့တယ်
တစ်နေ့မှာ. . .တစ်နေ့မှာတော့
ကြမ္မာရေး ငှက်ငယ် ကျွန်တော်တို့ကို
ဆုံဆည်းခွင့်ပေးလှည့်ပေါ့. . .။

လင်းလက်နေသည့်ကြယ်တစ်ပွင့်. . .ထိုကြယ်တစ်ပွင့်
ကို အားကျလေးစားနေသည့်သူရယ်က အခန်းရဲ့
နံရံထက်တွင် ထို ကြယ်ကလေးရဲ့ပုံရိပ်ကလေးတွေ
ကြီးစိုးထားသည်။ထိုလင်းလက်နေသောကြယ်ကလေး
ဟု သူတင်စားခေါ်ဝေါ်သောသူသည်မည်သူနည်း။
ထိုသူသည် နိင်ငံကျော် အဆိုတော်ရုပ်ရှင်မင်းသား
ဇိုင်း ဟူခေါ်တွင်သော လူတစ်ယောက် ရယ်ပင်။

ဇိုင်းသည် အနုပညာတော်ရုံသာမက အားကစားရေး
ရာ သာမက ပရဟိတများတွင်လည်း အားတွန်ခွန်စိုက်
ကူညီတက်သောလူရယ်လည်းဖြစ်၏။ဇိုင်းနင့်
ပတ်သတ်ပြီး သူကြားသိသလောက်နာမည်ဆိုးမရှိ
ကျော်ကြားမှုတွေသာ တိုး၍လေးစားအတုယူရသော
လူတစ်ယောက်လို့လည်းမမှားပေ။ထို့ကြောင့်
နေအရိပ် ဆိုသည့် အညတရ သူရယ်ကအားကျမိတာ
မဆန်းပေ။သူလို အညတရလေးမှာ မမှန်းရဲတဲ့
အိမ်မက်ငယ်တစ်ခုရှိသည်။မက်မပြေနိင်တဲ့
အိမ်မက်ငယ်ရယ်တစ်ခူ. . ။

အိမ်မက်လေးကို ထုစစ်ပုံဖော်ချင်ခဲ့သည်မှာအမြဲ
တမ်းသူ့ဆန္ဒပင်ဖြစ်၏။အခန်းတွင်း နေရာတိုင်းတွင်
ဟိုတစ်စု ဒီတစ်စု စုပ်ဖြဲ၍လုံးကျစ်ထားသည့်စက္ကူ
စကလေးတွေ။နေအရိပ် ဟုခေါ်တွင်သောသူဆီမှာ
ဂီတတစ်လက် ပိုင်ဆိုင်ထားသည်။မမှားပေ. . .
သူသည် အောင်မြင်ကျော်ကြားသည့် တေးရေး/တေးဆို
အဆိုတော်တစ်ဦးဖြစ်ချင်သည့်အိမ်မက်ငယ်လေးက
ဘယ်လိုမှ တားမရဆီးမရ။

တားမရသည့်စိတ်ဆန္ဒများရယ်ကြောင့် မနေ့ဖြန်
ကျင်းပမည့်အဆိုပြိုင်ပွဲတစ်ခုတွင်ဝင်ပြိုင်ဖို့ရန်
အတွက် ယခုထဲက ကြိုတင်ပြင်ဆင်လေနေပြီ
ဖြစ်သည်။သူ၏ပြင်းပြလှသော ဆန္ဒများကိုအိမ်က
လည်းထောက်ခံပေးသည်။

သူ့ရဲ့ ရည်မှန်းချက် အနာဂတ်ပန်းတိုင်က အဆိုတော်
ဖြစ်ဖို့ . . .။

You've reached the end of published parts.

⏰ Last updated: May 19, 2021 ⏰

Add this story to your Library to get notified about new parts!

ကြယ်ကြွေတမ်းချင်းWhere stories live. Discover now