ဟိုလူကြီး(၄)

6.1K 660 26
                                    

🌴ဟိုလူကြီး🌴
🍓HunHan🍓

"အဆင်​​ပြေပါ့မလားကွာ..ဆိုင်​ထဲမှာ အလိမ်​​ပေါ်ရင်​ငါအရှက်​ကွဲမှာ​နော်​Hun"

"Yeolရာ မင်းက စစ်​မတိုက်​ခင်​ မြှားကုန်​​နေပီ.. ဘာမှမဖြစ်​ဘူး အခုကိစ္စက မင်းဘ၀နဲ့ဆိုင်​တယ်​​နော်​. အခု​တွေ့မဲ့ Wu Xiuminက မင်းရဲ့ဖူးစာဘက်​စစ်​ မစစ်​ လက်​​တွေ့သိရမဲ့အ​ရေး. သူလဲမင်းကိုမသိဘူး မင်းစိုးရိမ်​စရာဘာမှမရှိဘူး.. ငါ့အစား​တွေ့တယ်​လို့မယူဆဘဲ မင်းနဲ့​တွေ့ဖို့ဖြစ်​လာတယ်​လို့ဘဲ​တွေးထား"

"​အေးပါကွာ ငါအရမ်းစိတ်​လှုပ်​ရှား​နေပီ"

"​အေး တစ်​ခု​တော့သတိထား နာမည်​မိတ်​ဆက်​ရင်​ Park Chanyeolပါလို့​တော့သွားမ​ပြောမိ​စေနဲ့.. Chanyeol​လောက်​ဆိုရပီ.. ကဲ သွား​တော့ ဟိုကလာလို့ မိန်းက​လေးဘက်​ကအရင်​​ရောက်​တာမျိုးကမ​ကောင်းဘူး"

"Fighting Yeol"

Chanyeol​ကော်​ဖီဆိုင်​ထဲဝင်​သွားသည်​။ကားထဲမှာ​တော့ Sehun,Chen,Xingသုံး​ယောက်​ကအ​ခြေအ​နေအကဲခတ်​ဖို့ကျန်​ခဲ့သည်​။ကော်​ဖီဆိုင်​ထဲထိလိုက်​အကဲခတ်​ရင်​ Chanyeolအ​နေခက်​မှာစိုး၍ အပြင်​ကားထဲကသာလှမ်းအကဲခတ်​ခြင်းဖြစ်​သည်​။

"အကို​လေး ဘာမှာမလဲ"

"ပြီးမှ မှာမယ်​ ညီ​လေး.. အကို လူတ​ယောက်​ကို​စောင့်​ဦးမယ်​"

"ဟုတ်​ကဲ့ အကို​လေး"

Waiter​လေးက ​ရေခွက်​ချ​ပေးပီးထွက်​သွားသည်​။လှုပ်​ရှား​နေတဲ့စိတ်​ကိုထိန်းဖို့ ​ရေကိုလှမ်းယူ​သောက်​လိုက်​သည်​။

ထိုအချိန်​​ကော်​ဖီဆိုင်​ထဲဝင်​လာတဲ့​မိန်းက​လေးတ​ယောက်​.. ကုတ်​အင်္ကျီအရှည်​နဲ့ဂျင်း​ဘောင်းဘီကိုတွဲဝတ်​ထားသည်​။ကုတ်​အရှည်​​အောက်​က ရှပ်အကွက်​လက်​ရှည်​ကို ကုတ်​လက်​နဲ့ပါထပ်​ကာ တံ​တောင်​ဆစ်​နားထိ​ခေါက်​ထားသည်​။

ဆံပင်​ကိုလဲခပ်​မြင့်မြင့်​​မြှောက်​စီးထားသည်​။သူမပုံစံက ရိုးရိုး​လေးဘဲဝတ်​ထားတာဆို​ပေမဲ့ Chanyeolမျက်​လုံးထဲမှာ​တော့ အရမ်းစတိုင်​ကျသည်​။သူမကဆိုင်​ထဲကိုမျက်​လုံး​ဝေ့ကြည့်​ရင်း ​နောက်​ဆုံးသူ့ဆီမှာအကြည့်​ရပ်​သည်​။ထို့​နောက်​ သူ့ဆီကို​ရောက်​လာ​သောသူမ..

ဟိုလူကြီး (Uni+Zawgyi)(Complete)Where stories live. Discover now