အပိုင်း(၂)

3.5K 153 24
                                    

"သမီးလု ဘယ်လိုဖြစ်လို့ဒီလို ပြောရတာလဲ
ကွယ် အရင်က အဲ့လိုတစ်ခါမှ မပြောဖူးပါဘူး
သမီးဘယ်လိုဖြစ်လို့မယဉ်မကျေးဖြစ်လာတာလဲ''

ထို သခင်မကြီးဆိုသူက သူမအား ကြိမ်းမောင်း
လာသည်။ စိတ်ထဲတွင် တော့ သတ်ချင်စိတ်များ
စွာဖြင့်....။

"အော် အဲ့လိုဖြစ်သွားတယ် တူပါတယ်။
ဒါဆိုလည်း ရိုင်းပြမိတဲ့ ဒီသမီးကဘဲ
တောင်းပန်ပါတယ်။''

ရှီရွယ် ခနဲ့ခြင်းများစွာသော လေသံဖြင့်
ပြောလိုက်သည်။ထို့နောက် စစ်သူကြီးလုရဲ့
သမီးလုရှီရွယ်၏ မှတ်ညဏ်များအရ သူမ၏
လူယုံ အစေခံမလေးအား ပြောလိုက်သည်။

"ရှောင်နင်း သခင်မကြီးကိုလုပ်ပို့လိုက်ဦး''

"ဟုတ်ကဲ့ပါ မမလေး။ ကြွပါ သခင်မကြီး''

ရှောင်နင်းရဲ့ ဦးဆောင်မှုနောက်သို့ လုသခင်မကြီး
သည် မလိုက်ချင် လိုက်ချင်ဖြင့် လိုက်ပါသွားရတော့သည်။

ဟမ့် ဒီအဘွားကြီး ငါ့များ အာဏာလာပြနေတယ်။
ငါလေး ခေတ်မှာသာဆို ဝက်သားလှီးတဲ့ဓားနဲ့
ဆယ်ခါပြန်ထိုးသတ် ပြီးလောက်ပြီ။

ဟင်းဟင်း စိတ်ထိန်းစမ်း....

ထို့နောက် ရှီရွယ်တစ်ယောက် အပေါ်ဝတ်ရုံအား
ချွတ်ကာ မျက်နှာအားဖုံး၍ ခြံနောက်ပေါက်မှ ခုန်ပျံကျော်လွှားကာ
မြို့ထဲသို့ ထွက်လာခဲ့တော့သည်။

အရင် လုရှီရွယ်တစ်ယောက် တော်ချက် လက်လန်တယ်!

ရှီရွယ် မြို့ထဲလျှောက်လာရင်းမှပင် ဟိုငေးဒီငေး
ငေးလာတော့သည်။

"ဝုတ် ဝုတ်!''

ငှယ် ဘယ်နားက ခွေးဟောင် သံပါလိမ့်...။

ရှီရွယ် ဟိုနားဒီနား ပြူးပြဲကြည့်လိုက်သည်။

အာ.....ဘယ်သူလေးလဲလို့ Yo!
လုရှီရွယ် လေးရဲ့ ချစ်လှစွာသော ရန်သူကြီး

ဟင်းဟင်း တစ်ခါထဲသတ်ပေးလိုက်ရင်
ကောင်းမလား?

ဒါပေမယ့် ပျော်စရာကောင်းမှာလဲမဟုတ်

ရှီရွယ် လူခြေတိတ်တဲ့ လမ်းကြားလေးထဲကို
အမြန်ဝင်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Oct 18, 2018 ⏰

Add this story to your Library to get notified about new parts!

ချစ်လှစွာသော ဧကရီWhere stories live. Discover now