Ep-6

268 20 6
                                    

"Yeollie ... Yeollie သတိထားပါအုံး.....
က​လေး...က​လေး​လေး..."လို့ခေါ်သံ​က
yeollie နားထဲမှာ ​ဝေးလာလိုက်
နီးလာလိုက်​နဲ့ကြား​နေရသည်​။
ဟင့်​အင်း ....yeollie မ​သေချင်​​သေးဖူး။
Appa ကိုကတိ​ပေးထားတယ်​ မျိုးနွယ်​စုကို ​စောင့်​​ရှောက်​ပါမယ်​လို့။
အာ့တာဝန်​​တွေရှိ​သေးတယ်​ yeollie မ​သေချင်​ဖူး။
ပြီး​တော့သူ ... အရှင်​ byun ... အရှင့်​ကို ကူညီမယ်​လို့
ကတိ​ပေးထားတယ်​။ အရှင့်​မျက်​နှာ​လေး​ပြေးမြင်​ပြီး
နောက်​ဆုံး​တော့ yeollie မျက်​လုံး​လေးဖွင့်​လာခဲ့တယ်​။
မှုန်​ဝါး​ဝါးအမြင်​အာရုံက​နေ ပြတ်​ပြတ်​သားသားမြင်​လိုက်​ရတဲ့အခါ
သူ့ကို စိုးရိမ်​တကြီး ငုံ့ကြည့်​​နေ​သောအ​ရှင်​....

အား...ကျွတ်​...ကျွတ်​ ...
Yeollie လှဲ​နေရာမှ အတင်းကုန်းရုံးထဖို့ ကြိုးစားလိုက်​သည်​။
စိတ်​​က​ဆောင်​​ပေမဲ့ ခန္ဓာကိုယ်​က​မ​ဆောင်​နိုင်​တဲ့အခါ
မိုက်​ခနဲ..ဖြစ်​သွားတဲ့အ​ခြေအ​နေနဲ့အတူ
ကျသွားသည့်​​နေရာက အရှင့်​ရင်​ခွင်

"အား...က​လေး...မ​သက်​သာ​သေး​ဖူး​လေ မထနဲ့အုံး "
ဟုဆိုရင်း ဆီး​ပွေ့လိုက်​​သောအ​​ရှင်
နွေး​ထွေးလိုက်​တာ အ​ရှင့်​​ရင်​ခွင်​က အရာအားလုံးလုံခြုံသွားသလိုဘဲ
ွမြင့်​မြတ်​​သောအရှင်​နှင့်​ သာမညမျိုးနွယ်​​ခေါင်း​ဆောင်
ဆို​သောအသိ​ကြောင့်
ရင်​ခွင်​ထဲက yeollie ရုန်းထွက်​ဖို့လုပ်​လိုက်သည်​။
အရှင်​က​တော့ အလွတ်​မ​ပေးသည့်​အလား...
မူလကထက်​....ပိုတင်းကျပ်​​အောင်​ဖက်​ရင်း
စကားဆိုလာသည်​။

"ဘယ်​​လောက်​​တောင်​ ကိုယ်​စိုးရိမ်​သွားရလည်း
က​လေး​လေး သိလား....မဖြစ်​​တော့ဖူး...
က​လေးကို ကိုယ်​အနီးကပ်​​စောင့်​​ရှောက်​​တော့မယ်
ကိုယ့်​အနားမှာဘဲ ​နေပါ​..က​လေး...
မင်းကို ကိုယ်​..မြတ်​နိုးစုံမက်​တယ်​..."
ချစ်​ရည်​ရွှမ်းအကြည့်​နဲ့ yeollie ကို စိုက်​ကြည့်​ရင်း
ပြောလာ​သောအခါ Yeollie ရင်​​တွေ ပရမ်းပတာ ဖြစ်​သွားရသည်​။

**ငါ​သေသွားတာ များလား။
မဖြစ်​နိုင်​တာ​တွေကို မက်​​နေတာဘဲ။ဒါအိပ်​မက်​များလား။**
အ​တွေးနဲ့အတူ yeollie အရှင့်​ ရင်​ခွင်​ကို ကုန်းကိုက်​လိုက်​သည်​။
အ့....အ.. မြည်​တမ်း​ရင်း အရှင်​က
ရှုပ်​​ထွေး​သောအကြည့်​​တွေနဲ့ ကြည့်​လာသည်​။
အွန်း...ဒါအစစ်​ဘဲ ...သွားပါပြီ။ ငါ့ကို သတ်​ရင်​​တော့ဒုက္ခ
Yeollie ပြန်​​မေ့ချင်​​ယောင်​​ဆောင်​လိုက်​သည်​။

The legendary king of love Where stories live. Discover now