Episode ( 1)

594 62 11
                                    


ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးလို့
ဘယ်သူကများဆိုခဲ့ပါသလဲ
ကံတရားက လွဲချော်ဖို့ကံပါလာရင်
လုံးဝကိုမဆုံစည်းနိုင်ဘူးဆိုတာ တစ်ကယ်ပါ
၁၀စုနှစ်တစ်ခုကြာ စောင့်မျှော်နေခဲ့ပေမယ့်
ချစ်ရသူအရိပ်လေးကိုမမြင်နိုင်သေးပါဘူး။

တစ်ခါမှ ကျွန်တော် အရသာမတွေ့ခဲ့တဲ့
ကော်ဖီခါးခါးတွေသောက်ဖြစ်လာခဲ့တယ်
အလုပ်တွေမနားမနေဖိလုပ်ခဲ့တယ်
Blind Dateတွေလည်းသွားတွေ့ခဲ့တယ်
ကျွန်တော်လိုနေတဲ့နှလုံးသား
ကွက်လပ်လေးကိုခဏမေ့ထားနိုင်ဖို့အတွက်
ဒါပေမယ့်
ရင်ဘတ်ထဲမှာ နာကျင်မွန်းကျပ်မှုတွေနဲ့သာ
အမြဲတိုင်ပြည့်နှက်နေခဲ့ပါတယ်
တစ်ခါလောက်တော့ ထပ် ဆုံ ချင် ခဲ့ တာ
ထပ်တွေ့ ချင် နေ ခဲ့ တာ...ကျွန်တော်
မပြောဖြစ်ခဲ့တဲ့ စကားလေးကို ဖွင့်ဟချင်ရုံလေး Taeyong Senseiကို
မေ့မရတဲ့အကြောင်း သိစေချင်ရုံလေးပါ...။

♡♡♡

"အလုပ်ထွက်စာလား Minhyung San"

"ဟုတ်ကဲ့ သူဌေး"

အလုပ်ထွက်စာကို သူစားပွဲပေါ်တင်ပေးတော့
CEOအမက မယုံနိုင်သလိုကြည့်သည်
Companyအတွက်ဝန်ထမ်းကောင်း
တစ်ယောက်ကိုလက်မလွှတ်ချင်ဘူးထင်ပါသည်
အလုပ်ထဲမှာပဲ သူစိတ်နှစ်နေကြည့်ခဲ့တာကြာပြီ
မဟုတ်လား...နေလည်းမနေနိုင်ပဲနဲ့လေ
Sakuraပွင့်ဖက်လေးတွေ
ကြွေနေတဲ့စက္ကန့်နှင့်အမျှ တစ်စုံတစ်ယောက်ကိုပဲ တမ်းတနေမိတော့
အဓိပ္ပာယ်မဲ့
လက်ရှိနေ့ ဒဓူဝလုပ်နေတဲ့အရာတွေကိုသူ
ရပ်တန့်သင့်ပါပြီ။

"မိန်းမယူတော့မယ်ဆိုတာနဲ့
အလုပ်ပါထွက်တော့မယ်ပေါ့လေ ဟန်းနီးမွန်းထွက်ပြီးမှအလုပ်ပြန်ဆင်းလဲရတာပဲ
Minhyung Sanရယ်"

"စိတ်မရှိပါနဲ့ သူဌေး"

"အင်းပါ Minhyung Sanသဘော
အမတို့Companyက
Minhyung Sanပြန်လာမယ့်
အချိန်တိုင်း အမြဲWelcomeပါ"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး
နှုတ်ဆက်ပါတယ်ခင်ဗျာ"

သူဌေးကိုနှုတ်ဆက်ကာ ရုံးခန်းထဲကထွက်လာသည်နှင့်
စီမံဌာနကသူ့ လုပ်ဖော်ကိုင်ဖက်တွေကသူ့ကိုစောင့်နေကြသည်။

You've reached the end of published parts.

⏰ Last updated: Oct 16, 2018 ⏰

Add this story to your Library to get notified about new parts!

One More ChanceWhere stories live. Discover now