Part-15 ( Z + U )

4.6K 158 5
                                    

ညကလဲ ကျွန်တော် သူအကြောင်းလေးတွေးနေတာနဲ့နောက်ကျမှအိပ်ဖစ်တယ် မနက်ရောက်ပြန်တော့ ဟော သူအကြောင်းလေးပဲ ခေါင်းထဲ ရောက်လာပြန်တယ် ...

ဒီနေ့ က ရုံးပိတ်ရက်လေ အရင်လို့ ကောင်မလေးတွေနဲ့မရှုပ်တော့ပဲ ကျွန်တော် ဒီနေ့ သူလေးကိုပဲအချိန်ပေးမယ်လို့ စိတ်ကူးထားတယ် ..

မျက်နှာသစ် အင်္ကျီဝတ်စားလဲပီးကျွန်တော်အောက်ဆင်းလာတော့ တွေ့ပါပီ ကျွန်တော် ချစ်ရတဲ့သူလေး သူမလေးကိုယ်ဝန်က လ ရင့် လာလို့ထင်တယ် ဗိုက်ကလေးက ဆူပီးထွက်လာတယ် ကျွန်တော်လေ စိတ်ရှီတိုင်းသာဆို သူကို ဖက်နမ်းမှမှာဒါပေမယ့် ကျွန်တော်ရဲ့အပြစ်ကရှီသေးတယ်လေ...

Lu : ဒီနေ့ထိုင်ဦးမှာလား..

Hun (POV) :ဟုတ်သားပဲ ကျွန်တော် အတွေးတွေလွန်နေတာပဲ ဟီး ..

Hun : ဟိုလေ ..ဟိုဟာလေ ...

Lu : ဘယ်ဟာလဲ...

Hun : Lu သွားချင်တဲ့နေရာလေးဘာလေးများမရှီဘူးလား ကိုယ်လိုက်ပို့ပေးမယ်လေ ...

ထိုစကားကိုကြားတော့ Luပျော်မိတာတော့အမှန်ပါပဲ သူအသုံးနှုန်းလေးတွေကအစ ဒီစကားတွေနဲ့သာယာလို့မဖစ်သေးပါဘူး သူငါကိုမကောင်းတက်လို့ပြောတာပဲနေမှာပါ ...

Lu : ထွေထွေထူးထူးရယ်တော့မရှီပါဘူး ဒါပေမယ့် ညစာတော့အပြင်မှာထွက်စားချင်တယ် ...

Hun : okay လေ ..

Ring ring...

Hun : Hello Omm ပြောလေရပါတယ်

Hunကဖုန်းလာလို့စားပွဲခုန်မှာမထိုင်ပဲ ချက်ချင်းထပီး မလှမ်းမကမ်းလေးမှာဖုန်းနေတဲ့Hunကိုကြည့်ပီးLuအရမ်းဝမ်းနည်းရတယ် နောင်တလဲရမိတယ် ....

Lu (POV ) : Hunရယ်အခုထိ ဇာတ်လမ်းတွေက မပီးနိုင်သေးဘူးလား Luကိုအရမ်းမုန်းနေပီလား

Luတွေးရင်းတွေးရင်မျက်ရည်တွေက သူအလိုလို ကျလာတယ်

အခုဆိုHunဖုနိးပြောနေတာ နာရီဝက်လောက်ရှီနေပါပီ ...

Hun (POV) : ကျွန်တော် ဖုန်းပြောတာ တော်တော်ကြာသွားတယ် ဒီနေ့ကပိတ်ရက်ဆိုတော့ ကျွန်တော်လဲ အပြင်မထွက်ချင်သူနားပဲ နေချင်တယ်လေ အခုတောင်အလုပ်ကိစ္စနဲ့ ခရီးထွက်ဖို့ပေါ်လာတယ် ကျွန်တော်မသွားလဲဖစ်တာမို့ ကျွန်တော် မန်နေဂျာကိုပဲ ဖျောင်းဖျပီးသွားခိုင်းလိုက်ရတယ် ..

If We Love Again  (Rate M)Where stories live. Discover now