16

1.1K 189 26
                                    

" ကောင်းပီ လည်ပင်းဖြတ်, နှစ်ပိုင်းခြမ်း, ခေါင်းခွဲ ရအောင်"

သူ့စကားဆုံးတော့ Kai ကသူ့ကို ကြည့်နေသည်။ ဘာလဲ?? သူပြောတာ ဘာမှားသွားလို့လဲ..

"Kyungsoo မင်းစကားကို လှအောင်ပြောတတ်တာပဲ"

ရွဲ့ပြောနေတဲ့ Kai ကို မျက်နှာမဲ့ပြပီး မျက်စိေ၇ှ့က Titan စစ်သားတွေကို ကြည့်နေလိုက်သည်။ သူတို့စခန်းကို သေချာ ကင်းချ ထားတာပဲ။ ရတယ်လေ စိန်ခေါ်မှုများလေ ပိုကြိုက်လေ..

" ဟေးဒီးစ် မင်းတို့ တိုက်ပီးတာနဲ့ ချက်ချင်းပြန်ထွက်လာ.. မင်းတို့နောက် မလှမ်းမကမ်းက ပိရမစ်မှာ အဖွဲ့နှစ်ဖွဲ့စောင့်နေတယ်..  နောက်နှစ်ဖွဲ့က နောက်ကပတ်နေတယ်.. "

Ear piece ထဲက အပိုလို (god of sun) ရဲ့ ညွှန်ကြားသံထွက်လာတော့ နောက်ကို လှည့်ပီး လက်နှစ်ချောင်းထောင်ပြလိုက်သည်။ ဘေးက မှန်ပြောင်းနဲ့ကြည့်နေတဲ့ ဇူးစ်က ခေါင်းညိမ့်ပြသည်။

" အစီစဉ်အတိုင်းပဲ "

Kai ရှေ့ဆက်မသွားခင် ရင်ဘတ်ကို လက်ပြန်ပုတ်ပီး ပြုံးစိစိနဲ့ပြောလိုက်သည်။

" Kai မင်းအကျီမှာ သွေးပေနေရင် ပို sexy ကျတယ် "

ကြောင်ပီးကြည့်နေတဲ့ ဇူးစ်ကို မျက်လုံးတဖက် မှိတ်ပြရင်း လည်ပင်းမှာ ချိတ်ထားတဲ့ mask ကိုဆွဲတပ်ပီ်း ရန်သူစခန်းနား ချဉ်းကပ်လိုက်သည်။ ခဏကြာမှ Kai ကခေါင်းရမ်းပီး တခြားတဖက်ကို ကပ်သွားသည်။

တံခါးဝမှာ ရပ်စောင့်နေတဲ့ စစ်သားတွေနဲ့ သူတို့ပုန်းနေတဲ့ ကျောက်တုံးနဲ့ တအားနီးနေသည်။ မျက်နှာချင်းဆိုင်က ကျောက်တုံးနောက်မှာ ပုန်းနေတဲ့ ဇူးစ်ကို ရှေ့တက်ဖို့ အချက်ပြတော့ ခေါင်းရမ်းသည်။

ဟမ်..  ဘာဖြစ်လို့လဲ

Kyungsoo သူတို့က လူလက်နက်တွေနဲ့

ဟေးဒီးစ် ဇဝေဇ၀ါဖြစ်သွားသည်။ လူတွေရဲ့ သေနတ်ကြောင့် သူတို့မသေနိုင်ဘူး.. ဒါပေမယ့် အပစ်ခံရရင် နာတယ်။ တခြားသူတွေတော့မသိဘူး။ အသည်းထဲမှာ ကျည်ဆံကြောင့် အပေါက် ဖြစ်နေတာ အ့လောက်ပျော်ဖို့မကောင်းဘူး။ အခြေအနေကို ပြန်အကဲခတ်ဖို့ ခေါင်းထောင်ပီး သေချာပြန်ကြည့်မိသည်။ ဒီလိုနေလို့ကတော့ သိမှာ မဟုတ်ဘူး။

Redemption [Completed]Opowieści tętniące życiem. Odkryj je teraz