25

1.1K 149 27
                                    

" ဟက်စ်တီရာ မပြီးသေးဘူးလား!!? "

တဖြည်းဖြည်း တောင့်ခံထားတဲ့ သူတို့ အကာကွယ်ကလဲ အက်ကွဲလာသည်။ ဇူးစ်က စိတ်မရှည်ပဲအော်သံကို ဟက်စ်တီရာက ဒေါသထွက်ထွက်နဲ့ ပြန်အော်သည်။

" နှလုံးခွဲစိတ်တာ ၂နာရီလောက် ကြာတယ်!! မပြီးသေးတာ မတတ်နိုင်ဘူး!! "

ဘေးနားကို လှမ်းကြည့်လိုက်တော့ ဆားဘရက်စ် တဟုန်ထိုး ခရိုနပ်စ်ဆီ ပြေးသွားတာ တွေ့လိုက်သည်။

" ဆားဘရက်စ်!! "

သူ့နေရာကလဲ ရွှေ့လို့မဖြစ်တော့ ရင်တထိတ်ထိတ်နဲ့ ကြည့်နေရင်း အဖြူေ၇ာင် အလင်းတန်းကြီး ထွက်လာသည်။ ဘယ်သူအော်မှန်း မသိတဲ့ နာကျင်နေတဲ့ အသံနဲ့အတူ အရှိန်လာထိမှန်ပြီး သူတို့ အကာကွယ်ကြီး ပြိုကျသွားတာသိလိုက်သည်။

ဖုန်မှုန့်တွေနဲ့ တိုက်ခိုက်သံတွေကြားမှာ ပထမဆုံး သူ့ဆီပြန်ရောက်လာတာကေ၀၀ါးနေတဲ့ အမြင်အာရုံဖြစ်သည်။ တရိပ်ရိပ်မူးနေတဲ့ ခေါင်းကို အသာဖိရင်း ဘေးမှာကျနေတဲ့ ဓားကိုဆွဲကာ မတ်တပ်ရပ်လိုက်သည်။

သူနောက်ဆုံးမြင်လိုက်ရတာကို သတိရလိုက်တော့ အသည်းအသန် လိုက်ရှာမိသည်။ ရှာနေတဲ့သူကို မတွေ့ပေမယ့် မလှမ်းမကမ်းမှာ ထဖို့ကြိုးစားနေတဲ့ Kai ကိုမြင်တော့ ပြေးသွားလိုက်သည်။ ဇူးစ်ကို ဆွဲထူရင်း ပတ်ဝန်းကျင်ကို ကြည့်မိပြန်သည်။

" ဆားဘရက်စ် "

ခပ်တိုးတိုး ထွက်လာတဲ့ သူ့အသံကို ဘယ်သူမှကြားပုံမရ။ ဇူးစ်က ခေါင်းမော့ရင်း ပြောလာသည်။

" Fuck ငါဒီနေ့ခေါင်းကွဲတာ ဘယ်နှစ်ခါရှိနေပြီလဲ "

" Kai ဆားဘရက်စ်ကို ရှာရမယ် "

ပြောပြောဆိုဆိုနဲ့ သူရှေ့ကထွက်သွားတော့ ဇူးစ်က ချက်ချင်း ဘေးနားရောက်လာသည်။ သာနိုတို့စ်ကတော့ စိတ်ချရမှန်း သိသည်။ ဟက်စ်တီရာနဲ့ လူစီဖာ ဘေးနားရှိနေတာကို သူ့ကိုလှမ်းပြောထားသည်။ သူတို့သွားနေတုန်း သူတို့ရှေ့ကို လွင့်လာတဲ့ အပိုလို ကိုထူပေးလိုက်သည်။

အပိုလိုက အိတ်ကပ်ထဲက တခုခုကို အသည်းအသန်ထုတ်ရင်း ပါးစပ်အဟောင်းသားနဲ့ ကြည့်နေသည်။ ဘာဂျာ အကျိုးလေးကို လက်ထဲကိုင်ရင်း နဖူးကသွေးတွေသုတ်ရင်း အပိုလိုက ပြောသည်။

Redemption [Completed]Where stories live. Discover now