MDZS Extra Chapter

42.8K 1.8K 152
                                    


လန်ဝမ့်ကျီးပြန်လာတဲ့အချိန်မှာ ဝေဝူရှန့်ကအမှတ်စဉ် ၁၃၀၀ ကျော်ထိရေပြီးနေပြီ ။

" ၁၃၆၉ , ၁၃၇၀ , ၁၃၇၁ ... "
ဝေဝူရှန့်ကခြေထောက်ကိုတစ်ချက်ချင်းတစ်ချက်ချင်းမြှောက်နေတော့ ရောင်စုံခြယ်ကြက်တောင်လေးက သူ့ခြေထောက်ကြားမှာလူးလွန့်မှောက်ခုံပျံသန်းနေသည်မှာ ကောင်းကင်ဆီထိုးတက်သွားလိုက် ငြိမ်ငြိမ်လေးပြန်ကျလာလိုက် ၊ ထပ်ပြီးတော့မြင့်မြင့်ပျံတက်သွားလိုက် ၊ အချိန်ကြာကြာပြန်ကျလာလိုက်နှင့် မမြင်ရတဲ့အပ်ချည်ကြိုးတစ်ချောင်းကကြက်တောင်မှာဆက်နေပြီး ဝေဝူရှန့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကထာဝရမခွာနိုင်အောင်လုပ်ထားသလိုထင်ရသည် ။ 

တစ်ချိန်တည်းမှာပဲမမြင်ရတဲ့နောက်ထပ်ကြိုးတစ်ချောင်းဟာ နံဘေးကကလေးတစ်သိုက်ရဲ့အမြင်အာရုံကိုပါ ခပ်တင်းတင်းဆွဲထားသလိုပင် ။
ဝေဝူရှန့်ရဲ့ရေတွက်သံကို လန်ဝမ့်ကျီးကြားလိုက်ရပြန်သည် ။
" ၁၃၇၂ , ၁၃၈၁ .. "
လန်ဝမ့်ကျီးတဒင်္ဂလောက် ဆွံ့အမင်သက်သွားသည် ။
" .......... "

မျှော်ကြည့်နေတဲ့ကလေးတစ်သိုက်ရဲ့အမြင်အာရုံတွေကြားတွင် ဝေဝူရှန့်ကပိုပြီးတော့ပေါ်ပေါ်တင်တင်ကိုကလိန်စေ့ငြမ်းဆင်နေသည် ။ ယခုလိုကြီးမားတဲ့ကိန်းဂဏန်းတွေက နှာရည်တရှုံ့ရှုံ့ဖြစ်နေဆဲကလေးတွေကို ဆုံးဖြတ်နိုင်စွမ်းအားပျောက်ဆုံးသွားစေသည် ။ ဘယ်ကလေးကမှ မူမမှန်ဘူးလို့မခံစားမိပေ ။ ဝေဝူရှန့်တစ်ယောက် ၇၂ကနေ ၈၁ ကိုခုန်ကျော်လိုက်တာ ၊ ၈၁ ကနေ ၉၀ ကိုထပ်ပြီးခုန်ကျော်လိုက်တာကို လန်ဝမ့်ကျီးကယခုလိုပင်မျက်ခြေမပြတ်ကြည့်နေသည် ။ နောက်ထပ်တစ်လှမ်းပျံသန်းရန်ပြင်နေသည့်အချိန်တွင် ဝေဝူရှန့်ကလန်ဝမ့်ကျီးကိုမြင်သွားတော့သည် ။ ဝေဝူရှန့်မျက်လုံးတွေကတောက်ပလာကာ လန်ဝမ့်ကျီးနာမည်ကိုလှမ်းခေါ်တော့မယောင်ပင် ။ ဆက်တိုက်လိုလိုကန်ချက်မတိကျတော့တာကြောင့် လူအများအာရုံကိုဆွဲဆောင်ထားသည့်တောက်ပသောအရောင်အသွေးနှင့်ကြက်တောင်သည် ဝေဝူရှန့်ဦးခေါင်းထက်မှဝဲပျံကာ နောက်ကျောဘက်သို့ပြုတ်ကျသွားလေသည် ။
ကြက်တောင်ပြုတ်ကျတော့မည်ကိုအမြန်ကြည့်လိုက်ပြီး ဝေဝူရှန့်ကမိမိနောက်ကျောဘက်ကိုခပ်မြန်မြန်လေးတစ်ချက်ကန်လိုက်ကာ ကြက်တောင်ကိုအချိန်မီကယ်ဆယ်လိုက်နိုင်သည် ။

魔道祖师 番外 缅语翻译Where stories live. Discover now