တံခါးဖျက်တဲ့ဖုတ်သရဲ ၁ ဝမ့်ရှန့်ဌာနေပြန်ခရီး ပထမဆုံးသောညခင်းတောလိုက်မှတ်စု

11K 650 2
                                    

အဖြစ်အပျက်ကလွန်ခဲ့တဲ့ ၃ ရက် ထိုညကနေစတင်ပြောရမည်ဖြစ်သည် ။

ထိုညက ချင်သခင်လေးညစာစားပွဲတက်ရောက်ပြီး အိမ်တော်သို့ပြန်လာခဲ့သည် ။ ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနယ်နေပြီး မူးရီဝေနေသောကြောင့် အနားယူမည်အပြုတွင် အိမ်တံခါးအားရိုက်ပုတ်သောအသံကို ရုတ်တရက်ကြားလိုက်ရသည် ။

တစ်ယောက်ယောက်က ချင်အိမ်တော်တံခါးကို အင်နှင့်အားနှင့်တစ်ချက်ပြီးတစ်ချက်ရိုက်ပုတ်နေတာဖြစ်သည်။

အိမ်တော်ရှိအစေအပါးများက အိပ်မှုန်စုံမွှားဖြင့် ဘယ်သူလဲဟုမေးကာထလာကြပြီး မီးပုံးကိုကိုင်ကာအိမ်တံခါးအား သွားစစ်ဆေးကြလေသည် ။ မေးခွန်းထုတ်မည်အပြုတွင် တံခါးကိုရိုက်ပုတ်နေသူက ရုတ်တရက်စိတ်ရူးပေါက်သလိုနှယ် တံခါးအားအပြင်းအထန်ဆောင့်နေတော့သည် ။

အမှန်အကန်ပင် တံခါးအားတွန်းဆောင့်နေတာဖြစ်သည် ။ တံခါးရွက်များကတဂျစ်ဂျစ်အသံများမြည်ကာ တစ်ချိန်တည်းမှာပင် တံခါးရွက်များပေါ်တွင် သံမဏိလက်သည်း၁၀ချောင်းက မရပ်တန်းကုတ်ခြစ်ဆွဲနေသလိုပင် ။
လှုပ်ရှားမှုကအတော်ပြင်းထန်သည်ကြောင့် သိပ်မကြာခင်မှာပင် အိမ်တော်ဝင်းတစ်ခုလုံးတွင်
အလန့်တကြားနိုးထလာသော အစေခံများနှင့်ပြည့်နှက်စုံညီသွားတော့သည် ။ အစေခံတစ်စုကား ဆီမီးခွက်ကိုကိုင်မြှောက် ၊ တုတ်တို့ကိုဆွဲကိုင်ကာ မီးပုံးတို့ကိုကိုင်ရင်း အရပ်လေးမျက်နှာအနှံ့လှည့်ပတ်ကြည့်ရှုအပြီးတွင် အပေါ်ရုံအဝတ်ကိုသာရုံပြီး ဓါးတစ်လက်ကိုင်ကာခြံဝင်းထဲဝင်လာသော သခင်ဖြစ်သူအားတွေ့လိုက်ရသည် ။

ချင်သခင်လေးကဓါးကိုဓါးအိမ်ထဲမှ ချွမ်းကနဲဆွဲကာထုတ်လိုက်ပြီး ဘယ်သူလဲ ဟုမေးမြန်းလိုက်သည် ။
ထိုအချိန်မှာပင် တံခါးရွက်တို့ကိုကုတ်ခြစ်နေသောအသံက ပိုမိုကျယ်လောင်လာသည် ။

အစေခံတစ်ယောက်ကတံမြက်စည်းကိုကိုင်ကာ ထောင့်တစ်ထောင့်တွင်ဝပ်နေတာကြောင့် ချင်သခင်လေးကလက်ညှိုးနှင့်ညွှန်လိုက်ရင်းပြောလိုက်သည် ။

မင်းအပေါ်ကိုတက်ပြီးတော့ အပြင်ကိုလှမ်းကြည့်လိုက်စမ်း

魔道祖师 番外 缅语翻译Where stories live. Discover now