~~~Shit~~~

338 38 0
                                        

တပ်ထားတဲ့ နားကြပ်ဆီက
အသံမလာတာသတိမထားမိဘူး...

ပြောလက်စ Conversation တွေက
ဘယ်မှာအဆုံးသတ်သွားမှန်းမသိလိုက်ဘူး...

တစ်ခါတစ်ရံမှာဘဝကငရဲဆန်တယ်ဆိုရအောင်လည်း...
ငရဲဆိုတာကမရောက်ဖူးပြန်ဘူး...

ခံစားနေရတာကအဆင်မပြေခြင်းပဲ...
ရုပ်ပိုင်းဆိုင်ရာက အလတ်ကြီးဆိုသလောက်...
စိတ်ပိုင်းဆိုင်ရာကဘာနဲ့ကုကုပျောက်မသွားဘူး...

အကန့်အသတ်မရှိပေးဝင်လိုက်ရင်...
ကောင်းသွားနိုင်ကောင်းရဲ့ဆိုတော့လည်း...
အသက်သာဖင်စောင့်လာတယ်...
Depression ဆိုတဲ့ကောင်ကနုတုန်းပျိုတုန်း...

မှတ်လောက်သားလောက်အောင်ပညာပြမယ်ဆိုပြီး...
တစ်ည 12 နာရီနှုန်းနဲ့အိပ်ပစ်လိုက်တော့...
ဖောင်းလာတဲ့ပါးတွေက အဆင်ပြေခြင်းအလွန်ရဲ့...
ရုပ်အသွင်ဆောင်နေပြန်ရော...

မဖြစ်တော့ဘူး စိတ်နဲ့လူနဲ့မကပ်ခြင်းရဲ့...
အဓိကအကြောင်းရင်းကိုသိမှရမယ်ဆိုတော့...
ကောက်ရိုးပုံထဲအပ်သွားရှာတာကမှ...
အချိန်တန်ရင်ဖြစ်နိုင်ဦးမယ်...
အခုဟာကကမ်းမမြင်လမ်းမမြင်...

ဒီလိုနဲ့ပဲ နောက်ဆုံးတော့လည်း...
Life is fucking shit ရပါတယ်...

Feelings...Où les histoires vivent. Découvrez maintenant