3.4K 279 20
                                    

"ဝိုးး နှင်း​တွေကျ​နေတာပဲ"

မိမိ​ဆေးခန်း​ရှေ့က လမ်း​လေးကိုကြည့်
ကာချန်း​ယောလ်​ ​ရေရွတ်​လိုက်​မိသည်​...

ချန်း​ယောလ်​နှင်း​တွေကိုချစ်​တယ်

လက်​က​လေးကိုအသာဖြန့်​ချကာ
နှင်းစက်​​လေး​တွေအသာထိ​တွေ့မိသည်​...

"လှလိုက်​တာ အဖြူ ​ရောင်​​လေး~"

ရုတ်​တရက်​ တစ်​စုံတစ်​​ယောက်​က
မိမိကိုကြည့်​​နေသလိုဖြစ်​​နေတာ​ကြောင့်
ဘေးပတ်​ဝန်းကျင်​ပတ်​ပတ်​လည်​ကို လိုက်​ကြည့်
မိ​တော့ ဘာမှမ​တွေ့.....

"ဘာလဲဟ??"

ကိုယ်​ပဲစိတ်​ကထင်​မိသလားပဲ...

ချန်း​ယောလ်​​ခေါင်းရမ်းရင်း ​ဆေးခန်း​လေးထဲ
ပြန်​ဝင်​လာခဲ့သည်

ချန်း​ယောလ်​က သာမန်​မိသားစု​လေးက
မွေးဖွားလာတဲ့ တိရစ္ဆာန်​ အထူးကုဆရာဝန်
တစ်​​ယောက်​ပါ...

ချန်း​ယောလ်​မှာ ​ဖေ​ဖေရယ်​ ​မေ​မေရယ်
အစ်​မတစ်​​ယောက်​ရှိတယ်​...

မိဘ​တွေက​တော့ စား​သောက်​ဆိုင်​​လေး
ဖွင့်​ထားကာ အစ်​မက​တော့အိမ်​​ထောင်​ကျ
သွားပါပြီ.....

ဒီ​ဆေးခန်း​လေးကိုဖွင့်​တာ ၆လ​လောက်​ရှိပြီ
အိမ်​နဲ့လည်းမ​ဝေးတဲ့ ဒီရပ်​ကွက်​ထိပ်​​လေး
မှာ​ရွေးဖွင့်​တာမှန်​သွားတာပဲ....

အ​တော်​များလာကြတယ်

တချို့​ကောင်​မ​လေး​တွေကလည်း
ချန်း​ယောလ်​ရုပ်​ရည်​​ကြောင့်​ အ​ကြောင်းမရှိ
အ​ကြောင်းရှာကာလာတက်​ကြ​သေးသည်

ချန်း​ယောလ်​က ဒီရပ်​ကွက်​​လေးထဲမှာ
မင်းသားပဲ...

ဆရာဝန်​​ချော​ချော​လေးဆိုပြီး​လေ....

ချန်း​ယောလ်​မိမိအ​ကြောင်းကိုပြန်​​တွေးကာ
ပြုံးလိုက်​မိသည်​.....

....................

"ဟူးးး ​တော်​ပါ​သေးတယ်​ ကိုကို​တွေ့သွား
ပြီထင်​​နေတာ...."

အခုထိအခုန်​မရပ်​​သေးတဲ့ရင်​ဘတ်​​လေးကို
ဆုပ်​ကိုင်​ကာ ဆယ်​ဟွန်း မိမိအခန်းတံခါး
လေးကိုမှီကာ ရပ်​​နေမိသည်​....

'CHANHUN' ( One Shot Collections )Nơi câu chuyện tồn tại. Hãy khám phá bây giờ