❤❤❤❤

2K 207 22
                                    

"ခွပ် "

ပူခနဲဖြစ်သွားတဲ့ ပါးတစ်ဖက်ကိုလက်နဲ့
အုပ်ကိုင်​ရင်း ဆယ်ဟွန်းထိုးတဲ့သူကိုမော့
ကြည့်လိုက်၏.....

ကလေးရဲ့ အကိုဖြစ်သူ ဂျွန်မြောင်

"မင်းကြောင့်! "

"ကျတော် ဘာလုပ်မိလို့လဲအကို "

"မင်း​ကြောင့်​ ငါ့ညီ​လေး အခုလို​ပြောခံရတာ"

ဆယ်​ဟွန်း​ကြောင်​သွားမိတာ​တော့အမှန်​ပဲ
သူဘာမှမသိဘူး​လေ...

"ကျ​တော်​ကို​သေချာရှင်းပြပါအကို
ဘာမှနားမလည်​ဘူး.."

"ငါညီက စကားမ​ပြောတက်​တာကလွဲလို့
မိဘအသိုင်းဝိုင်းအစအကုန်​ ပြီးပြည့်​စုံတဲ့
က​လေးတစ်​​ယောက်​ပါ.."

"..............."

"ပညာ​ရေးမှာလည်း သူများထက်​မ​တော်​​တောင်
မနိမ့်​ကျခဲ့ပါဘူး..."

"ကျ​တော်​သိပါတယ်​ "

"အဲ့ဒါကို မင်းမိဘ​တွေကို ငါ့ညီ​လေးကို
ရက်​စက်​တဲ့စကား​တွေ​ပြောလိုက်​ကြတယ်​"

"ဗျာ!!"

"​မင်းလို့ 'အ'​နေတဲ့​ကောင်​နဲ့ငါ့သားကိုသ​ဘောမတူဘူးတဲ့​လေ ဟင့်​ သနားဖို့​ကောင်းတဲ့ ငါ့ညီ​လေး"

အ​မေတို့ကဘယ်​လိုသိပြီး ဘယ်​ချိန်​မှာ
ယောလ်​​လေးနဲ့​တွေ့လိုက်​ကြတာတုန်း...?
ဆယ်​ဟွန်းဘာမှ မသိခဲ့ရိုးအမှန်​ပါ...

"ကျ​တော်​ တကယ်​မသိခဲ့ဘူးအကို"

"​တော်​ပြီ ဆယ်​ဟွန်း အစက ငါ့ညီ​လေးကို
အရမ်းချစ်​တဲ့မင်းနဲ့ငါသ​ဘောတူခဲ့တယ်
အခု​တော့ သ​ဘောမတူနိုင်​​တော့ဘူး"

"အကိုဂျွန်​​မြောင်​~"

"ငါ့ညီ​လေးကိုနာကျင်​ရ​အောင်​လုပ်​လိုက်​ကတည်းက မင်းမိဘ​တွေ​ရော မင်းကိုပါ
ငါအထင်​မကြီး​တော့ဘူး.." (😎)

"အကိုရယ်​ ကျ​တော်​​တောင်းပန်​ပါတယ်
အ​မေတို့ကိုလည်း​သေချာရှင်းပြလိုက်​ပါမယ်​"

"မလိုချင်​ဘူး ဆယ်​ဟွန်း ငါ့ညီ​လေး​ရှေ့​ရော
ငါ့တို့​ရှေ့ပါဘယ်​​တော့မှ​ပေါ်မလာနဲ့​တော့"

'CHANHUN' ( One Shot Collections )Where stories live. Discover now