//Chan//

173 15 5
                                    


ကြယ်တဲ့....
ကောင်းကင်က ကြယ်လေး....
တစ်ဦးတစ်ယောက်မှ လက်လှမ်းလို့မမှီဘူး....
အဲ့ဒီလိုပဲပေါ့ ကျွန်တော့်အချစ်က ကြယ်ဆန်တယ်....

အဲ့ဒါကြောင့် ခင်ဗျားကို ကြယ်လို့ နာမည်ပေးမယ် ချန်း....

ချန်းသိလား....!!!

သတိရတိုင်း ကြယ်တွေကို ငေးကြည့်ဖြစ်တယ်....။
ကြွေသမျှ ကြယ်တွေထဲ ခင်ဗျားကို မပါစေချင်ဘူး....။
ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ပဲ ခိုဝင်ဆွဲကပ်နေတဲ့ ဆန္ဒတစ်စုံသာ ဖြစ်သည်......။

ချစ်ခြင်းတရားပါဟု ဖွင့်ဆိုထားသော အကန့်တိုင်းတွင်
ချန်းပါဝင်သည်....။

ကျွန်တော့်ယုံကြည်တဲ့ ချစ်ခြင်းမေတ္တာ၏ စ အလယ် အဆုံးသည် ကျွန်တော် ပိုင်ဆိုင်ချင်တဲ့ ချန်းဆိုသော တစ်ဦးဆိုင်နာမ်လေးဖြစ်သည်....။

ချစ်တယ် ချန်း....
အရာရာထပ်ကိုပိုပြီး....
မြတ်မြတ်နိုးနိုး နစ်နစ်ကာကာ....

ဤဘဝတွင်တော့ ချန်းတစ်ယောက်သာ ကျွန်တော့်ရဲ့ မြတ်နိုးရာ.....။

Byun Baek Hyun



#Byeol614
#ChanBaek

Capital LettersWhere stories live. Discover now