Capital Letters-2

93 6 13
                                    


ကြောက်တယ် ချန်း..!!
ချန်းတစ်ခုခုဖြစ်နေမှာမျိုး...
ဘယ်သူ့ကိုမှမပြောပဲ ကြိတ်မှိတ်ခံစားနေမတာမျိုးပေါ့...
ချန်း အဆင်ပြေပါစေ အရာရာ.....

ဖြစ်မလာသေးတဲ့ အရာတစ်ခုကို ကြိုတင်တွေးကာ
အရာရာစိတ်ပူနေတတ်တဲ့ ကျွန်တော့်စိတ်ကို နည်းနည်းမှ
သဘောမကျ!
သို့သော်လည်း မတွေးပဲ နေနိုင်လားဆိုတော့လည်း မနေနိုင်...

တစ်ပတ်လုံးလုံးပျောက်နေသောသူကြောင့်
SNS တွေမှာ ပွက်လောရိုက်လျက်ရှိသည်...

ထင်ကြေးအမျိုးမျိုးပေးကာ ဝေဖန်နေကြသော
သူများကြောင့် စိုးရိမ်စိတ်က သာမန်ထက်ကျော်လွန်နေပြီ။
ထိုအထဲမှ ချန်းကို မင်းသမီးတစ်လက်နဲ့ shipကာ တင်သောpostတစ်ခုကြောင့် warလည်း ဖြစ်သွားသေး၏

ထိုကိစ္စကို ချန်းကိုယ်တိုင်လည်း နည်းနည်းမှကြိုက်မည် မဟုတ်ပေ။ ချန်း ပြောဖူးသည်...
~အခုချိန်မှာ ကျွန်တော့်အချိန်တွေ အကုန်လုံးကို ကျွန်တော် ချစ်ရတဲ့ Fansတွေအတွက် အကုန်ပေးထားပါတယ်၊အဲ့ဒါကြောင့် ဘာမှစိုးရိမ်စရာ မလိုပါဘူး~
ပြောခဲ့တဲ့ videoအပိုင်းအစလေးလည်း trending တစ်ခုဖြစ်လာသေးသည်...

မြင်စေချင်သည်...
သူတို့ shipချင်တိုင်းshipနေတဲ့ ချန်းရဲ့
အတွေးတွေထဲမှာ ပထမဦးစားပေးဟာ
Fansတွေဖြစ်ကြောင်း သိစေချင်သည်...
သိတာလိုလို ဘာလိုလိုနဲ့ ဆရာလုပ်ရင်
တော်တော် အမြင်ကပ်မိသည်...

ချန်းချစ်တဲ့ ဘယ်သူ့ကိုမဆို သဘောတကျလက်ခံပေးမှာပါဆိုပြီး
ပြောခဲ့သော နေ့ရက်တွေနဲ့ မိမိအပိုင်ဖြစ်အောင် စဉ်းစားတွေးတောနေတဲ့ fansတွေထဲမှာ ကျွန်တော်လည်းပါလောက်မည်။
မဟုတ်ဘူး ပါကိုပါနေမှာ သေချာပါသည်။

ချန်းကို မလိုချင်ပါဘူး ပြောတဲ့သူဟာ ရူးနေတဲ့သူပဲ ဖြစ်ရမယ်။
သို့သော် ကျွန်တော်ကတော့ ချန်းကို လိုချင်လွန်းလို့ ရူးနေသူသာ ဖြစ်သည်။

ချစ်လွန်းလို့ သေမတက် ပိုင်ဆိုင်ချင်ရင်တောင်မှ အနားမရောက်နိုင်တဲ့ အချစ်တွေအတွက် ဘယ်သူ့ကိုများ သွားပြီး ရိုးမယ်ဖွဲ့ရပါ့မလဲ။

You've reached the end of published parts.

⏰ Last updated: Nov 03, 2018 ⏰

Add this story to your Library to get notified about new parts!

Capital LettersWhere stories live. Discover now