Capital Letters-1

138 13 43
                                    


//6:30AM//

ချန်း....

~Goodmorning ချန်း
ဒီနေ့တစ်နေ့တာလုံး ခင်ဗျားအဆင်ပြေပါစေ~

နှုတ်ခမ်းဖျား လှုပ်ရုံလောက် ရေရွတ်လိုက်သော
ဆုတောင်းသံလေး....။
ခင်ဗျားမသိတဲ့ ကျွန်တော့် မေတ္တာပို့နည်းလေးပါပဲ။

ခင်ဗျားမသိလည်း ဖြစ်တာပါပဲ။
ဘယ်ဆုတောင်းမှ မပြည့်ရင်တောင် ဒီဆုတောင်းမေတ္တာဟာ
စစ်မှန်တဲ့အတွက် ခင်ဗျား အထိအခိုက် အနာတရကင်းမယ်လို့
ကျွန်တော် ယုံကြည်တယ်။

ရူးတာပါပဲ။
မနက်အိပ်ယာနိုးနိုးချင်း အတွေးထဲရောက်လာတာ
သာမန်မိန်းကလေးတစ်ယောက်မဟုတ်ပဲ
ကမ္ဘာကျော် ရုပ်ရှင်မင်းသားအဆိုတော်တဲ့....။

အဲ့ဒါကိုပဲ ကျေနပ်ပါတယ် ကျွန်တော်ပြောတဲ့အခါ
ခင်ဗျား ရယ်သွမ်းသွေးမှာလည်း ကြောက်တယ်။

ဖွင့်ကြည့်လိုက်တဲ့ ဖုန်းမျက်နှာပြင်ပေါ်က
ခင်ဗျားရဲ့ အပြုံးနုနုကြောင့်
စိတ်တိုလက်ရ ပြုံးမိတဲ့အခါ
ပိုချစ်ရတဲ့သူက ကျွန်တော်ဖြစ်လာတာပါပဲ...။

ချစ်တယ် ချန်း....
နေ့ရက်တိုင်း နာရီ မိနစ် စက္ကန့်နဲ့အမျှ

တစ်နေ့တာရဲ့အစဟာ ခင်ဗျားဖြစ်နေရခြင်းဟာလည်း
ကျွန်တော့်ရဲ့ ကံကောင်းမှုတစ်ရပ်ပါလို့ ဆိုရမှာပါပဲ....။

အိပ်ယာဘေးရှိ စားကြည့်စားပွဲကို လှမ်းကြည့်တဲ့အခါမှာလည်း
ခင်ဗျားဓာတ်ပုံကို တွေ့ရပြန်ပါတယ်...
ခင်ဗျားအငွေ့အသက်တွေ တစ်ခန်းလုံးအပြည့်ပဲ ချန်း...
ခင်ဗျားကို မြင်စမ်းစေချင်ပါရဲ့...

ကော့တက်ကာ ပါးချိုင့်ပေါ်တဲ့အထိ ပြုံးသွားမလား
စိတ်ကူးယဉ်မိတဲ့အခါ နှလုံးသားထဲကအကောင်က
အနည်းငယ် လှုပ်ရှားလာတယ် ချန်း သိရဲ့လား

ခင်ဗျားနဲ့ပတ်သက်ရင် ကျွန်တော့်ကိုယ်ကျွန်တော်တောင်
မပိုင်တော့သလိုပဲ....

အနီးကပ်ဆုံးမတွေ့ရတဲ့အခါ ခင်ဗျားအငွေ့အသက်တွေ
ဖုံးလွှမ်းနေမယ့် SNS တွေမှာ ခင်ဗျားအကြောင်းကို
ရှာဖွေကြည့်နေရခြင်းဟာလည်း ကျွန်တော့်ဝေဒနာကို
အတတ်နိုင်ဆုံးပြန်ကုစားနေရတဲ့ လက္ခဏာတစ်ရပ်မို့
တာဝန်တစ်ခုလို့လည်း မတွေးမိဘူး

Capital LettersWhere stories live. Discover now