Prologue (Zawgyi ver)

1.5K 77 15
                                    

အားလင် ဝမ်းနည်းပြီး အခန်းထဲပိတ်နေစဉ် တံခါးရုတ်တရက်ပွင့်လာပြီး ရွှေဝါရောင် ပုံရိပ်တစ်ခုက ချဉ်းကပ်လာသည်။မိမိ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဝေ့သီနေ၍ မည်သူမှန်းသေသေချာချာ မခွဲခြားနိုင်သော်လည်း ဦးလေးငယ် အပြင်အခြားသူမဖြစ်နိုင်ပေ။ထို့ကြောင့် အားလင်မှာ ငိုသံပါကြီးနဲ့ပင် ဦးလေးငယ်အားလှမ်းခ်ါလိုက်မည် ကြံပြီး ပါးစပ်ဟလိုက်ပေမဲ့ လည်ချောင်းမှာ ဆို့နင့်နေ၍ အသံကထွက်မလာပြန်ပေ။သို့သော်လည်း ထိုရွှေဝါရောင် ပုံရိပ်မှာ သူခေါ်နေသည်ကို သိနေသည့်အလားပင် သူ့ထံမှချိုသာသော အသံထွက်ပေါ်လာတော့သည်
'အားလင်'
ယခုအချိန်တွင် သူလည်းအသံကိုမနည်းညှစ်ထုတ်ကာ 'ဦးလေးငယ်'ဟု ပြန်ထူးလိုက်လေသည် အသံမှာတော့ မသဲကွဲသော်လည်း သူ့ဦးလေးငယ်က နားလည်နေမည်ဆိုတာ သူယုံကြည်မိသည်။
'အားလင် ဦးလေးငယ် ဘာယူလာလဲ ကြည့်ကြည့်။
ဝါး ခွေးလေးလား
အင်း အားလင် သဘောကျလား
အွန်း သဘောကျတယ်
အဲ့ဒါဆို အားလင် ဝမ်းမနည်းနဲ့တော့နော်
အွန်း အားလင်ဝမ်းမနည်းတော့ဘူး ဦးလေးငယ် အကောင်းဆုံးပဲ။'
မျက်စိအစုံကို ပြန်ဖွင့်လိုက်မိတဲ့ အချိန်မှာတော့ မူလက ရှိနေတဲ့ ရွှေဝါရောင် ပုံရိပ်မှာ ပျောက်ကွယ်သွားနှင့်ပြီး ဖြစ်နေသည်။ ထိုအချိန်မှ အမှတ်ရလိုက်သည်က မိမိတွေ့ခဲ့ရသော ဦးလေးငယ်ဆိုသည်မှာ မိမိမျက်စိရှေ့တွင် သေဆုံးသွားနှင့်ပြီးသည့်အပြင် အခေါင်းအတွင်းသို့ ရောက်သည်အထိ အေးအေးဆေးဆေး အနားမယူရဘဲ အငြိုးအတေး ဝိဉာဉ်အဖြစ်ရှိနေပြီး မည်သူမျှလည်း အခေါင်းသွင်းပေး၍ မရသော အခြေအနေတစ်ရပ်ဖြင့်သာ ရှိနေခဲ့သည်။ထိုအိပ်မက်ထဲက အတိုင်း မိမိတွင် ဆက်လက်ကျန်ရှိသည်မှာ မျက်ရည်စများနှင့် ပြည့်နေသော မျက်လုံး အိမ်တစ်စုံနှင့် ဆို့နှင့်နေသော အသံဖြစ်ပေရာ အားသိုက်ထုတ်၍ ပြောလိုက်မိသည့် တစ်ခွန်းက 'ဦးလေးငယ် ကျွန်တော် ဦးလေးငယ်ကို အရမ်းတွေ့ချင်တာပဲ'

Author's note
ကဲ လန်စစ်ကျွေးနဲ့ ကျင်းလင်ဆိုပြီး ဘာလို့ ကျင်းကွမ်းယောင်းနဲ့ အရင်စတာလဲလို့ ပြောစရာရှိပါတယ် ဒီfan ficမှာ စာရေးသူ mainထားတာက ကျင်းလင်ပါ လန်စစ်ကျွေးဆို လန်ဂိုဏ်းစည်းမျဉ်းတွေပဲ ချရေးစရာဆိုလို့တွေးမိလို့ပါနော်🤣🤣🤣 ဝေဖန်အကြံပြုချင်တာရှိရင် အချိန်မရွေးပြောလို့ရပါတယ်နော် မူရင်းဝတ္ထုနဲ့ ကျောရိုးကလွဲလို့ ကျန်တာ ကွဲရင်ကျွဲနပါလိမ့်မယ် ကိုယ်အရေးကြီးတယ်လို့ ထင်တာနဲ့ စာဖတ်သူတွေ ထင်တာနဲ့ မတူခဲ့ရင် အချိန်မရွေး ပြောလို့ရပါတယ် ကိုယ်ကခုမှရေးတဲ့သူမို့ လိုအပ်ချက် များကောင်းများနိုင်ပါတယ် 🙏🙏🙏

A Lifetime LoveWhere stories live. Discover now