မှတ်ဉာဏ်

814 88 3
                                    

အဖြူရာင်မျက်နှာကျက်

ကျွန်တော်အပေါ်ဖြာကျနေသောပြတင်းပေါက်မှအလင်းရောင်

ခေါင်းတွေလည်းမူးဝေနေသည်

ဒါနဲ့ကျွန်တော်အပေါ်ကစောင်အဖြူရောင်

ကျွန်တော်ရဲ့စောင်ကအနီရောင်!အမေများမနက်ကလဲထားသလားမသိ

ဒါနဲ့ထိုမျက်နှာကျက်အဖြူ...

ကျွန်တော့်အိမ်မျက်နှာကျက်ကအပြာ

ဘာတွေလဲ

ငါဘယ်သူ့အိမ်မှာလဲ

ထထိုင်လိုက်သည်သို့သော်ခေါင်းကရိပ်ခနဲအရှိန်ကမသေသေးမှန်းသိလိုက်သည်။

ထပ်မြင်လိုက်ရသောကုတင်ဘေးစားပွဲခုံပေါ်ကကလေးလေးတစ်ယောက်ပုံ

ထိုကလေးလေးမှာအပူအပင်ကင်းမဲ့စွာကျွန်တော့်ကိုပြုံးပြနေသည်။

ကျွန်တော့်မျက်လုံးပင်ကျွန်တော်မယုံ

နားထဲကြားရသောလမ်းလျှောက်လာသောအသံ

ကျွန်တော်ပြန်လှဲချလိုက်မိသည်။

နောက်ပြီးသတိထားမိသောကျွန်တော်ရဲ့အောက်ပိုင်း

ငါ့အတွင်းခံကော

"ငါ့ရဲ့Kookie လေးအခုထိအမူးမပြေသေးဘူးထင်တယ် ထထHyung Kookieလေးအတွက်ပျားရည်နဲ့သံပုရာရည်ဖျော်လာတယ် ထသောက်လိုက်"

ကျွန်တော့်နားပင်ကျွန်တော်မယုံချင်တော့ကျွန်တော်နဲ့သူဘာတွေဖြစ်ခဲ့လဲကျွန်တော်ကဘာလို့သူ့ကုတင်ပေါ်ရောက်နေတာလဲနောက်ပြီးအတွင်းခံကောဘာမှကိုမသိတော့ပြီ

ကျွန်တော်မူးချင်ယောင်ဆောင်ပြီးထလိုက်သည်တကယ်တမ်းလည်းကျွန်တော်မူးနေပါသေးသည်မျက်လုံးကိုပွတ်လိုက်ချင်းသူ့အပြုံးသူ့ရဲ့shirtlessကြီး(ကိုယ်တွေရဲ့Yoongiမှာအထစ်ထစ်တွေနဲ့ပြည့်နေတယ်လို့ပြေးမြင်ကြည့်ပေးပါ😋)

ကျွန်တော့်မျက်နှာနီရဲနေပြီလို့ခံစားမိသည် သူလည်းထိုနည်းတူခံစားမိတယ်ထင်သည်။ကျွန်တော်တို့မျက်လုံးချင်းဆုံရာကလွှဲပစ်လိုက်သည်

နှစ်ယောက်စလုံး : "ဟိုလေ..."

"မင်းအရင်ပြောပါ"

တောင့်တတဲ့ အချစ်Where stories live. Discover now