Love (Part 2)

1.2K 144 19
                                    


Kyung soo ဒေါသ အတော်ထွက်ကာ
So miကိုလိုက်ရှာနေမိသည်

ကန်တင်းမှာ ဟိုစီနီယာဆိုတဲ့လူဘေးမှာ
ထိုင်ပြီး ရယ်မောနေတဲ့ ဆိုမီကို မျက်မှောင်
ကုပ်ကာကြည့်နေမိသည်

သို့သော်အခုထိ သူတို့ဘေးငုတ်တုတ်ကြီး
ရပ်နေတဲ့ကျနော့်ကိုသတိမထားမိသေးပုံဘဲ့

အဲတော့ကျောပိုးအိတ်ကို စားပွဲပေါ်လွှား
ခနဲပစ်တင်လိုက်မှ နှစ်ယောက်စလုံးရဲ့
အကြည့်ကာ ကျနော့်ပေါ်စုပုံကျလာတော့တယ်

"So miလာစမ်း နင် ဒီလူနဲ့လုံးဝ ပက်သက်လို့
မဖြစ်ဘူး"

So miလက်ကိုအတင်းသွားဆွဲမိတော့
ပြူးကြောင်ကြောင်ပြန်ကြည့်နေတဲ့ so mi
ရယ်

ကျနော့်ကိုအလိုမကျသလို ကြည့်နေတဲ့သူကို
ပြန်ကြည့်ကာ ဟက် ခနဲ တချက်ရီကာ
So miလက်ကောက်ဝတ်ကို အတင်း ဆွဲကာ
ဒရွတ်တိုက်ဆွဲလာမိသည် ....

လမ်းတဝက်လောက်ရောက်မှသတိထား
မိသည်ကာ ....ကန်တင်းမှာကျန်ခဲ့တဲ့
ကျောပိုးအိတ်

"Do Kyung Soo နင်ဘယ်လိုဖြစ်နေတာလဲ
ငါ့လက်တွေနာနေပြီ"

ကျနော်ဆုပ်ကိုင်ထားတဲ့ သူမလက်ကို
မျက်နှာလေးရှုံ့မဲ့ကာ အတင်းဆွဲဖယ်နေသည်မို့
Doလွှတ်ပေးလိုက်ကာ

ကျစ်ခနဲ စုတ်တချက်သတ်ကာ စိတ်ရှုပ်သလို
ခေါင်းက ဆံပင်တွေကိုဆွဲဖွလိုက်မိသည်

"နင်အတန်းထဲကိုရောက်အောင် ပြန် ကြားလား
ငါကျောပိုးအိတ်ကျန်ခဲ့ပြီ ပြန်သွားယူအုံးမယ်"

"ဟဲ့...နေဦးလေ...ဟဲ့ DO kyung soo!!!"

ပြောပြီး အမြန်ပြေးထွက်လာမိတော့
နောက်ကလှမ်းအော်နေတဲ့so miအသံကို
ကြားပေမဲ့လျစ်လျူရှူကာ ထွက်လာမိသည်

"မင်း ငါ့ကို မကျေနပ်တာရှိလို့လား"

Doစားပွဲပေါ်ကာ ကျောပိုးအိတ်ကိုလှမ်းယူ
လိုက်တော့ အခုထိမလှုပ်မယှက်ထိုင်နေသေး
တဲ့baekhyunက Doလက်ကိုလှမ်းဆွဲကာ
မေးလိုက်သည်

"ကျစ်...."

Doစိတ်ရှုပ်စွာ စုပ်သတ်ပြီး လက်ကို ဖယ်
ချပေမဲ့ ပိုမိုတင်းကျပ်စွာဆုပ်ကိုင်
ထားတဲ့ စီနီယာဆိုသူရဲ့လက်

L O V EWhere stories live. Discover now