Love 《Part 10》

1K 140 25
                                    

စီနီယာထွက်သွားတော့ Kyung sooတယောက်
တည်း ကြောင်တောင်တောင်ကျန်ခဲ့ပြန်တယ်
စိတ်ရှုပ်စွာ ထမင်းအား ခက်ရင်းနဲ့ထိုး ဖွနေမိသည်မှာ အချိန်ကြာစွာ

အချိန်ဘယ်လောက်ထိ ထိုင်နေမိမှန်းမသိ
မျက်စိရှေ့ စီနီယာပြန်ရောက်လာတော့လန့်သွား
ရသည်

"ဘာလုပ်နေတာလဲ...ရုပ်ရှင်ကြည့်မယ်ဆို"

"ဟမ်..."

"လာပါ ...မြန်မြန်သွားရအောင်..."

ရုတ်တရက် ပြန်ရောက်လာပြီး လက်ကို
ဆွဲကာ အတင်းခေါ်သွားတဲ့ စီနီယာကြောင့်
Kyung soo အူကြောင်ကြောင်နဲ့ပါသွားရ
သည်....

"ဘာကား ကြ ည့်မလဲ"

"မသိဘူးလေ..."

စီနီယာ စကား အား Kyung soo ခေါင်းခါ
ရင်းဖြေတော့ စီနီယာ က kung soo
ခေါင်းအားဆွဲဖွလိုက်ရင်း...

"မင်းကြိုက်တာရွေးတဲ့..."

ဘာကားကြည့်ရမှန်းမသိတာနဲ့ ကြောက်စရာ
ကောင်းတယ်ဆိုပြီးနာမည်ကြီးတဲ့ကားကို
ရွေးလိုက်တော့တယ်. .....

"မင်းရွေးပြီးပြီဆိုတော့ ငါရွေးမယ်နော်..
ကျွန်တော်တို့ကို အတွဲခုံ ပေးပါ
"

Kyung soo ရှက်သွားမိသည်အမှန်...
ထိုစကားကိုစီနီယာကတော့ပေါ့ပေါ့လေး
ပြောသွားပေမဲ့ လက်မှတ်ရောင်းတဲ့ မိန်းကလေး
တွေကြား Kyung soo မျက်နှာပူလာမိသည်..

"လာ...မုန့်သွားဝယ်မယ်.."

လက်မှတ်ရပြီးတော့...နွေးထွေးတဲ့ လက်
ချောင်းတွေက ကျွန်တော့်လက်ချောင်းတွေ
ဆီယှက်သန်း ဆုပ်ကိုင်လာသည်....

စီနီယာက ဘာကိုမှဂရုမစိုက်ဘဲ ကျွန်တော့်
လက်အား ဆုပ်ကိုင်ကာ ဆွဲခေါ်သွားသည်...

တည်ငြိမ် တဲ့မျက်နှာထားနဲ့စီနီယာက
ကြည့်ကောင်းပေမဲ့လဲ....
ကျွန်တော့်ကို အခုထိ တချက်လေးတောင်
ပြုံးမပြတာဘဲ့.....

ချေနေတာလား ဘာလား တော့ မသိပေမဲ့
သူ့နည်းက သောက်ဆန်းကြီး

"စီနီယာ ဒီလောက်ဆိုတော်ပြီလေ"

မုန့်တွေများကြီးဝယ်ပြီးတာတောင် ခုထိ
ရွေးကောင်းတုန်း ...kyung soo
ပြောလိုက်မှ မုန့်တွေကို မေးဆတ်ပြရင်း
'ဒီလောက်ဆို တော်ပြီလား' တဲ့

L O V EWhere stories live. Discover now