စာလႊာ - ၁၈(စာလွှာ - ၁၈)
102 16 0
#Unicode
ဘယ်သူတွေဘာတွေပြောပြော
တစ်ခုပဲမှတ်ထားပေးပါ
ခင်ဗျားအပြစ်မဟုတ်ဘူး
အရာရာဖြစ်ချိန်တန်လို့ ဖြစ်လာတာမို့
''ငါ့ကြောင့်''ဆိုပြီး
ဒဏ်ရာတွေကိုမလုပ်ယူပါနဲ့
Love yourself,Love youselfလို့
တတွတ်တွတ် ပြောနေပေမယ့်
ကိုယ့်ကိုယ်ကိုတော့ မချစ်တဲ့ ခင်ဗျားကို
ကျုပ်မုန်းပစ်ချင်လိုက်တာ...
ဒါပေမယ့် ခင်ဗျားရယ်...
သိပ်ကိုပြုစားလွန်းတယ်
ခင်ဗျားကိုမုန်းဖို့ကြိုးစားရင်း
ကျုပ်ကိုယ်ကျုပ်မုန်းလာတယ်
မုန်းတယ် ခင်ဗျားမျက်ရည်တွေကို
မုန်းတယ် တောင်းပန်စကားတွေကို
ခင်ဗျားမှာ အမှားဆိုတာမရှိလို့
တောင်းပန်စကားတွေကိုလည်းသိပ်မုန်းတယ်
ဒဏ်ရာတွေကြောင့်ခင်ဗျားငိုကြွေးနေတာကို
အိပ်မက်ထဲမှာ ပွေ့ဖက်နှစ်သိမ့်ခွင့်ရရုံနဲ့
ကျေနပ်နေမိတဲ့ ကျုပ်ကိုယ်ကျုပ်လည်း
သိပ်မုန်းတယ်...
#Zawgyi
တစ်​ခုပဲမှတ်​ထား​ပေး​ပါ
''ငါ့​ကြောင့်​''ဆိုပြီး
ဒါ​ပေမယ့်​ ခင်​ဗျား​ရယ်​...
သိပ်​မုန်းတယ်​...