အခန်း ၄ : Peony ပန်းအောက်တွင် သေဆုးုံခြင်း
23.2K 2.1K 6
ယခင်ဘ၀က ရီဝမ်ဝမ်ကား ကိုယ့်ကိုယ်ကို ဆုံးရှုံးလိုက်ရပြီဟု ခံစားရကာ ဂူရွဲ့ကျီကို လက်လွတ်ပေးခဲ့၏။
သူမအပေါ် အဓိပ္ပာယ်မရှိပြောနေသည်တို့ကိုလည်း ပြန်လည် မချေပခဲ့ပေ။
သူပြောသမျှကို ခွင့်လွတ်ပေးခဲ့ပြီး
သူက အိမ်ခေါ်ပေးသွားမည်ဆိုသည်နှင့်
လိုက်သွားခဲ့သည်။
သူ၏ နှလုံးသားထဲတွင် သူမ နေရာ ယူထားသေးသည်ဟု ထင်နေခဲ့မိသည်။
သူမ လုံးဝကို တုံးအမိခဲ့တာပဲ။
သူက လူကြီးလူကောင်းယောင်ဆောင်သည်ဟု ဘယ်သူသိလိမ့်မလဲ။
မည်သို့ပင်ဆိုပါစေ သူမသည် တစ်ချိန်က ဂူရွဲ့ကျီ၏ ဇနီးလောင်းဖြစ်ခဲ့ဖူးသော်ငြား ။
ယခုတွင် စီရီဟန်၏ရည်းစား ဖြစ်နေပေသည်။
ဤသည်ကို လူတွေ သိသွားပါက
သူ၏ ဂုဏ်ကို မထိခိုက်စေဘူးလော။
ဂူရွဲ့ကျီသည် သူမအား သူနှင့်အတူ လိုက်ခဲ့ရန် ပြောနေသောကြောင့် ရီဝမ်ဝမ် အနားတစ်ဝိုက်မှ ပြင်းထန်သည့်အပူချိန်ကို ခံစားလိုက်ရသည်။
အမှောင်ထဲတွင်ကား ရီဝမ်ဝမ်နှင့် အလှမ်းအနည်းငယ်သာ ကွာတော့သည်။
ထိုလူ၏အမူအရာသည်လည်း လမိုက်ညပမာ မဲမှောင်နေချေပြီ။
သူ၏အမူအရာတို့မှာ လူတစ်ယောက်အား အမှုန့်ကြိတ်ပစ် တော့မည့်သဖွယ်၊ ထိုသူအား ခြေတစ်လှမ်းပင် လှမ်းခွင့်မပေး တော့ဘဲ ထာဝရ ချုပ်နှောင်ထားတော့မည့်သဖွယ်ပင်။
အမှောင်ထဲက ထိုလူ၏ ရန်လိုမှုတို့သည်လည်း
ထိန်းချုပ်မရ ဖြစ်ခါနီးနေလေသည်။
စီရီဟန်၏ လက်ထောက် ၊ ရွှီရီ၊
သူ့တွင်ကား ချွေးတို့ ရေပုံးဖြင့်ပင် စစ်ခံ၍ ရတော့မတတ်။
ခြေထောက်နှစ်ဖက်စလုံးသည်လည်း တုန်ရီလို့ နေချေပြီ။
ဘော့စ်ရဲ့ အမျိုးသမီးက ညဥ့်နက်သန်းခေါင် အခြားအမျိုးသားတစ်ယောက်နှင့် ခိုးရာလိုက်ပြေးတာကို ကြည့်နေရတာ ဘယ်လို ဘ၀မျိုးပါလိမ့်။
ဒီမိန်းမ ရီဝမ်ဝမ်၊ သူပေါ်လာပြီဆိုတည်းက အစေခံတွေလည်း လွယ်ကူတဲ့နေ့ရယ်လို့ကို မရှိခဲ့ဖူးဘူး။