1

21.9K 514 20
                                    

WangXian wedding

Gusuခရိုင်​တစ်​ခုလုံး သာသာယာယာ​အေး​အေးချမ်းချမ်းနဲ့ ​ရောင်းဝယ်​​ဖောက်​ကားသွားလာ​နေကြတယ်

သွားလာ​နေကြတဲ့​ဈေးလမ်းတစ်​​နေရာမှာ

'​ဖောက်​ ​ဖောက်​ ​ဖောက်​'
ဆိုတဲ့ ​ဖျောက်​အိုး​ဖောက်​သံနဲ့အတူ ဆူညံတဲ့တီးဝိုင်းသံကပါတစ်​ပါတည်းပါလာတယ်

ဈေးသူ​ဈေးသား လမ်းသွားလမ်းလာအားလုံး သိချင်​စိတ်​နဲ့ ​ဘေးဘီကိုကပ်​လိုက်​ပြီး ဟိုဒီစပ်​စုလိုက်​တယ်

တွေ့ရပါပြီ ​ရှေ့ဆုံးက​နေ အနီ​ဆွေး​ဆွေး ၀တ်​ရုံနဲ့ ခန့်​ညားပြီးလှပတဲ့ အမျိုးသားတစ်​​ယောက်​ မြင်းစီးပြီး​ခန့်​ခန့်​ညားညားသွား​နေတယ်​ ​နောက်​က​နေလဲ မင်္ဂလာ ပစ္စည်းသယ်​တဲ့သူအစုံအလင်​နဲ့ မင်္ဂလာ ​ဝေါယာဉ်​ ​ကော ​နောက်​လိုက်​​နောက်​ပါအစုံနဲ့ လှည့်​လည်​​နေတယ်

'အဲ့ အဲ့တာ Lanဂိုဏ်းက Lanဒုသခင်​​လေးမလား သူ မင်္ဂလာ ​ဆောင်​ပြီလား ​ချောလိုက်​တာဟယ်​ '

'သူဘယ်​သူနဲ့ယူတာလဲဟင်​ သူယူမယ့်​သူကလှမယ်​ထင်​တယ်​ ဘယ်​သူမှမမှီတဲ့အလှ'

'အို နင်​မသိဘူးလား သူယူတဲ့သူက ယွင်​မုန့်​ဂိုဏ်းက Wei Wu Xian​လေ'

'ဘာ ဟယ်​ ​ယောကျာ်းချင်းလား'

'​ယောကျာ်းချင်းဘာဖြစ်​လဲ ချစ်​လို့ယူတာပဲဟာ အချစ်​မှာ မျက်​စိမရှိဘူးဟဲ့ Wei Wu Xian က မိန်းမ​တွေထက်​ကို သူမတူ​အောင်​လှတယ်​လို့ ငါကြားဖူးတယ်​ သူတို့ လိုက်​ဖက်​ကြပါတယ်​  Lanဒုသခင်​​လေးရဲ့ဖူးစာကိုက Wei Wixianဖြစ်​ရမယ်​လို့ သတ်​မှတ်​ထားတာမို့လို​​ပေါ့'

'Aww ​အေးပါ ​အေးပါ'

စကားများ​နေတဲ့ အပျိုအုပ်​တစ်​သိုက်​ စီတန်းသွားလာ​နေတဲ့ လူတန်းကြီးကို စပ်​စပ်​စုစုကြည့်​​နေလိုက်​ကြ​တော့တယ်

        ~~~~~~~~~~~

Night

Wei Wu Xian မင်္ဂလာအိပ်​​ဆောင်​ကြီးထဲမှာတစ်​ကိုယ်​တည်းထိုင်​ရင်း ပျင်းရိ​နေရှာတယ်​ အမြဲဖျတ်​ဖျတ်​လူးတဲ့အကျင့်​ရှိတဲ့သူက အခု လင်​​ယောကျာ်းဖြစ်​တဲ့ Lan Wang Jiကို​စောင့်​​နေရတာ ၂နာရီ​ကျော်​ကြာ​နေပြီ အရိပ်​က​လေး​တောင်​မ​တွေ့ရ​သေး

Mo Dao Zu Shi FanfictionWhere stories live. Discover now