'Wei Ying ငါနဲ့ဂုစုကိုပြန်လိုက်ခဲ့ပါ'
'ဂုစုကိုပြန်လိုက်ရမယ် ဟုတ်လား? မင်းနဲ့လိုက်မယ့်အစား ငါဒီအလောင်းကောင်တွေရဲ့အစားပဲခံလိုက်မယ်'
Wei Yingထိုသို့ပြောပြီး တောင်လိုပုံနေတဲ့ဖုတ်သွင်းအလောင်းကောင်တွေဆီတိုးဝင်သွားတော့တယ် ခြေလှမ်းတိုင်းမှာ Lan Zhan အရောက်သွားနေပေမဲ့ သူ့ခြေဆယ်လှမ်းက Wei Ying ခြေတလှမ်းကိုမမှီဘူး
'ဟင့်အင်း မလုပ်ရဘူး Wei Ying.....'
~~~~~~~~~~~
Lan Wangji ညသန်းခေါင်မှာ ချွေးရွှဲရွှဲစိုပြီး နိုးထလာရတယ် ကြောက်လန့်တကြားနဲ့ အိပ်နေရာကနေထထိုင်လိုက်ကာ ဘေးကချစ်သူကိုကြည့်တော့ အပူအပင်ကင်းစွာအိပ်စက်နေတယ်
'အိမ်မက် အိမ်မက် ဟုတ်တယ် အိမ်မက် Wei Yingက ငါ့ဟာ ငါပိုင်တာ ဘယ်သူမှလုမယူရဘူး'
အိပ်နေတဲ့သူကို တင်းကျပ်စွာဖက်လိုက်တော့ နာကျင်သလိုညည်းသံလေးထွက်လာတယ် ဒါပေမဲ့ ပြန်အိပ်သွားတယ်
'Wei Yingဖြစ်နိုင်ရင် ငါ့အင်္ကျီရင်ဘတ်ထဲမှာ အိတ်ခိုးလေးလုပ်ပြီး မင်းကိုထည့်ပြီးသိမ်းထားချင်တယ်'
ထိုညက Lan Zhanတစ်ညလုံးမအိပ်ခဲ့ပါ
~~~~~~~~~~~
Wei Ying ပုံမှန်နိုးချိန်၉နာရီလောက်မှာ အပျင်းကြောတစ်ချက်ဆန့်ပြီးသန်းဝေလိုက်တယ် အင်း ဒီအချိန် Lanဂိုဏ်းတစ်ခုလုံးရဲ့မနက်ခင်းအစည်းအဝေးချိန်ပဲ Lan Zhanလဲသွားလောက်ပြီပေါ့
မျက်လုံးလေးပွတ်ပြီး ထိုင်လိုက်ချိန်မှာ
'နိုးပြီလား'
'အင်? Lan Zhan ဘယ်လိုဖြစ်တာလဲ အစည်းအဝေးမသွားဘုးလား'
ညက၀တ်တဲ့အင်္ကျီပါးလေးနဲ့ငုတ်တုပ်ထိုင်နေတဲ့ Lan Zhan အိပ်ယာထနောက်ကျလို့်မသွားတာလား
မဟုတ်သေးဘူး ပုံစံက အိပ်ချင်မူးတူးမှမဟုတ်တာ
မျက်နှာကိုသောချာကြည့်တော့ ဖြူနုနေတဲ့အသားရေကြောင့် ရွှေရောင်မျက်ဝန်းရဲ့မျက်အိတ်ကမည်းနေသလားလို့