Part-6

16.1K 1.5K 27
                                    

ကိုယ်လုပ်တော်တင်မြှောက်ခြင်းကို လိုသည်ထက်ပိုကာ အခမ်းအနားများပြင်ဆင်မှုအပေါ် မကြိုက်သော်ငြားလဲ ဖခင်တစ်ယောက်အနေဖြင့်ခွင့်ပြုခဲ့ရသည်။  တဖက်မှာလည်း အရွယ်မရောက်သေးသည့် မင်းသမီးလေးစိတ်တော်ငြိုငြင်မှာလည်းကြောက်နေရသေးသည်။ နှစ်နိုင်ငံအခြေအနေက ထင်သလောက်မကောင်းသည်မို့ အရိပ်အခြေကြည့်ကာ နေနေရ၏။ အခုလည်း ထိုကိုယ်လုပ်တော် ကို ဝေါယာဉ်လွှတ်လိုက်ရင် ရပါလျှက်နှင့် အသိမပေးဘဲ ကိုယ်တိုင်လိုက်သွားခြင်းအပေါ် ဒေါသထွက်နေရ၏။ အခုအချိန်မှာ မိမိက သာမာန်မင်းသားတပါးမဟုတ်တော့ဘဲ ဘုရင်ဖြစ်နေပြီဆိုတာ ဒီကလေးမေ့နေလေသလား။တွေးနေရင်းနှင့်ပင် ဘုရင့်နန်းဆောင် အပြင်ပတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ စောင့်နေမိသည်။

ခဏနေတော့ မြင်းခွာသံများကြားရသည်မို့ အိန္ဒြရေဆည်ကာ အခန်းထဲတွင် ထိုင်စောင့်နေလိုက်၏။

" ဖခမည်းတော် ကိစ္စရှိပါသလား...."

ကိုယ်လုပ်တော် လက်အားချစ်ခင်စုံမက်စွာ ကိုင်တွယ်ဝင်လာခြင်းအပေါ် စိတ်ပျက်သွားရသည်။

" ဘာလို့ မပြောမဆိုထွက်သွားရတာလဲ .. သားတော်.. အခုချိန်မှာ အဲလို အဓိပ္ပါယ်မဲ့လုပ်ရပ်တွေ လုပ်နေရမဲ့အချိန်မဟုတ်ဘူး။..."

" အဓိပ္ပါယ်မဲ့တဲ့ ကိစ္စမှမဟုတ်တာ ဖခမည်းတော်... ကျွန်တော် ချစ်မြတ်နိုးတဲ့မိန်းကလေးမို့ ကိုယ်တိုင်သွားခေါ်တာ ဘာများထိခိုက်နစ်နာသွားလို့လဲ..."

သားအဖနှစ်ယောက် စကားနိုင်လုနေတာ ကိစ္စမရှိ။ အနွယ်အား မျက်လုံးစိမ်းကြီးဖြင့် ပြာကျမတတ် ကြည့်နေသည့် ဘုရင့်မင်းမြတ်ရဲ့ဖခင်ကြောင့် ကြောက်စိတ်များလွန်ကဲကာ ခြေထောက်များယိုင်ခွေမတတ်ဖြစ်နေရ၏။ ထိုနေရာမှာ တစ်မိနစ် တစ်စက္ကန့်မျှ ခြေမချလိုခြင်းက အနွယ့်ရင်ထဲပြည့်နှက်နေတော့သည်။ အခြွေအရံများနှင့် အစေခံများကတော့ သားအဖနှစ်ယောက် အခြေအငံဖြစ်နေခြင်းအပေါ် ကြောက်ရွံ့နေကြကာ မြေကြီးထဲ ခေါင်းဝင်မတတ်ငုံ့ထားကြ၏။

" ဒီကိစ္စနဲ့ပက်သက်ပြီး ဖခမည်းတော် သားတော်နဲ့အချင်း မများချင်ဘူး...။ ပွဲကိုမြန်မြန်အဆုံးသတ်။ အကျယ်ချဲ့မနေနဲ့။ ပြီးရင် မင်းသမီးလေးဆီ သွားတွေ့လိုက်ဦး။"

ဒဏ္ဍာရီ ( COMPLETED)Where stories live. Discover now