အရင်လိုပဲစည်ကားနေသည့် ခြံဝင်းအတွင်းကဆိုင်လေးရှိရာသို့လှမ်းဝင်ဖို့ရာ ခေတ်ခြေလှမ်းများတုံ့ဆိုင်းနေမိသည်။
မိုင်းဆီက လေးကိုသတိရတယ်ဆိုတဲ့အသံလေးတွေမကြားရပေမယ့် သူ လေးကိုဘယ်လောက်ထိလွမ်းနေခဲ့လဲဆိုတာ အိပ်ယာဝင်ချိန်တိုင်း အားနေချိန်တိုင်း ဖုန်းထဲမှပုံများအားကြည့်ကြည့်ပြီးစိတ်မကောင်းကြီးစွာပြုံးနေတတ်တာတွေ။
လေးက မလာနဲ့ဆိုတဲ့ တချက်လွှတ်အမိန့်ကို လူငယ်ပီပီ မာနများနှင့်တင်းခံကာ မိုင်းက ဒီအိမ်လေးဆီခြေမချတော့။
ဒါပေမယ့် လေးနဲ့ ညီလေးကို မကြာခဏလာလာခိုးကြည့်ပြီး လှည့်ပြန်ခဲ့တဲ့ရက်တွေများနေပြီဆိုတာ ဖုန်းထဲမှ ဓာတ်ပုံများကသက်သေတစ်ခုပင်။
မိုင်းက ကျွန်တော့အတွက်ပဲ တစ်ရက်တစ်ရက်ဘေးနားနေပြီးအားပေးနေခဲ့သမျှ သူနာကျင်တာတွေဘာတစ်ခွန်းမှမဟခဲ့။
ကျွန်တော်ရင်ဆိုင်နေရတဲ့ လောကဓံရိုက်ချက်တွေက သူထင်မှတ်မထားတဲ့အရာတွေမို့ ကျွန်တော့အတွက် ကျွန်တော့ကိုသာ အရိပ်တကြည့်ကြည့်နဲ့ ကူညီဖေးမနေတတ်ခဲ့တာ။
မိုင်း....လေးကိုအရမ်းချစ်တာ ခေတ်သိနေတာမို့ နှစ်ယောက်ကြား ရင်ကြားစေ့နိုင်ဖို့အရေး လေး ဘာလုပ်လုပ်ဘာပြောပြော ခံမည်ဟုစိတ်ပိုင်းဖြတ်ကာ ထိုနေရာအားရောက်ရှိနေရခြင်းဖြစ်သည်။
အားတင်းကာ ဆိုင်လေးထဲခြေချမိတော့ လက်မလည်စွာရောင်းနေရသည့် လေးထံသို့အကြည့်ရောက်မိသည်။
သူပဲသုပ်နယ်... သူပဲလိုက်ချပေးနေသည့်လေးကြောင့် ခေတ် အခန်းထဲ အကူကောင်လေးများအားလိုက်ရှာပေမယ့် မတွေ့။
ထိုကြောင့် လေးနား မယောင်မလည်သွားရပ်ကာ လေး သယ်မယ်လုပ်နေသည့် စားသောက်စရာများပါသည့် လင်ဗန်းလေးအားဆွဲယူလိုက်တော့ တအံတသြမော့ကြည့်လာလေသည်။
ကျွန်တော့အားမြင်တော့ ရုတ်တရက်မျက်နှာပျက်သွားသည့်လေး။
" နင် သယ်ပေးစရာမလိုဘူး လေးဘာသာလေးသယ်နိုင်တယ်...."
" ကျွန်တော် ဘယ်စားပွဲချပေးရမလဲလေး....."
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️