၁၄ နှစ်အရွယ် ကလေးမတစ်ယောက်ကို ကျွန်မအဖိုးက ဒေါ်လာဆယ်သန်း ချေးလိမ့်မယ်ဆိုတာကို အစကတော့ ကျွန်မလည်း မယုံကြည်ခဲ့ပါဘူး။ ဦးနှောက်ရှိတဲ့သူတိုင်း ချေးငွေဆုံးမယ်ဆိုတာ သိနေကြတာပါပဲ။ ဘယ်လူကောင်းကမှ ကလေးတစ်ယောက်ကို ဒေါ်လာဆယ်သန်းချေးဖို့ တစ်စက္ကန့်လေးတောင် စဉ်းစားနေမှာ မဟုတ်ပေဘူး။ ပိုက်ဆံချေးတဲ့ ကလေးကိုတောင် ဝိုင်းဟားတိုက်နေချင် နေကြလိမ့်မယ်။ ဒါပေမယ်လို့ အဖိုးရဲ့ အတွင်းရေးမှူးချုပ်ကတော့ဖြင့် ကျွန်မကို ဒေါ်လာဆယ်သန်းလွှဲရမယ့် အကောင့်နာမည်ကို ဖုန်းဆက်မေးမြန်းခဲ့ပါတယ်။ပိုက်ဆံရတာနဲ့ တစ်ပြိုင်နက် အလုပ်စခဲ့ပါတယ်။ ကျွန်မအသက်ကို ပဏာမ မထားဘဲ ကျွန်မရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စီမံပေးမယ့် တရားဝင်ကိုယ်စားလှယ်တွေ ရှာနိုင်ဖို့ ကာလတစ်ခု ကြာခဲ့ပါတယ်။ ကျွန်မရဲ့ ပိုက်ဆံတွေထားရှိနိုင်မယ့် ယုံကြည်စိတ်ချရလောက်တဲ့ စာရင်းကိုင်လုပ်ငန်းရှာဖို့ရာကတော့ အချိန်ပိုယူခဲ့ရပါတယ်။ အကြီးမားဆုံး အခက်အခဲကတော့ အရာအားလုံးကို မိဘတွေနဲ့ အသိုင်းအဝိုင်း မသိအောင် ဖုံးအုပ်ထားရတာပါပဲ။ ကျွန်မလုပ်သမျှ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်မြောက်အောင်တော့ ကျွန်မ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကော အသက်ကိုကော လျှို့ဝှက်ထားရပါတယ်။
ကျွန်မက အသက်၂၀ ထိနေထိုင်ခဲ့ဖူးပြီဆိုတော့ နောက်လာမယ့် ၆ နှစ်မှာ ရင်းနှီးမြှုပ်နှံမှုမှာ အကျိုးအမြတ်ဖြစ်စေမယ့် လုပ်ငန်းတွေ ကုန်သွယ်မှုတွေ အကြောင်း ကြိုသိတာပေါ့။ အကယ်၍သာ အရာအားလုံးက အရင်အတိုင်းသာ တသွေမတိမ်း ဖြစ်ခဲ့မယ်ဆို ဒီတစ်နှစ်အတွင်းမှာ အဖိုးကို သန်း၂၀ ပြန်ဆပ်နိုင်မယ့်အပြင် ကျွန်မအသက်၁၆နှစ်ပြည့်တာနဲ့ သန်းကြွယ်သူဋ္ဌေးဖြစ်မှာ အသေချာပါပဲ။ ဟုတ်ပါတယ်။ ကျွန်မက ကံကြမ္မာကို Cheating လုပ်နေတာပါ။ လက်ဆောင်ရရင် ရထားတဲ့ လက်ဆောင်ကို ကောင်းကောင်းအသုံးချရမှာပေါ့..မဟုတ်ဖူးလား? ကျွန်မပန်းတိုင်က အပူအပင်ကင်းကင်းနေရဖို့ပါပဲ။ ဘယ်သူ့ကိုမှ အဖက်လုပ်စရာမလိုပဲ အပူအပင်ကင်းကင်းနေနိုင်ဖို့ကတော့ ဓနအင်အားလိုပါလိမ့်မယ်။
YOU ARE READING
Calla
Romanceကျွန်မနာမည် Calla Lind ။ ကျွန်မရဲ့ လှပလွန်းသော အမ ၏ အရိပ်အောက်မှာ နှစ် ၂၀ ကြာအောင် တံလျှပ်နှင့်တူသော ချစ်ခြင်းကို လိုက်ဖမ်းရင်း ဖမ်းဆုပ်ရင်း နေထိုင်ခဲ့တယ် ။ ကျွန်မနဲ့ ဘယ်သောအခါမှ သက်ဆိုင်လာမည်မဟုတ်တဲ့ ချစ်ခြင်းတစ်ခုကိုပေါ့.. ဒုတိယအခွင့်အရေးရတဲ့ ဒီဘဝ...