လေလွှင့်ဝိဉာဉ်လေး ... မင်း

8.5K 243 20
                                    


ဝေ့ရင်း ....

မင်းဘက်မှရပ်တည်လို့ မင်းလက်ကိုတင်းတင်းဆွဲကိုင်ရင်း ကယ်တင်ဖို့ ကိုယ်ကြိုးစားခဲ့တယ် ။ အသက်ကိုလောင်းကြေးထပ်လို့ မင်းရွေးခဲ့တဲ့လမ်းကို ဆက်မလျှောက်ဖို့လဲ ကိုယ် တားဆီးခဲ့တယ်။ ထွက်သွားလို့ မင်း ဘယ်လောက်ပဲဆန့်ကျင်နေပါစေ ကိုယ် မင်းဘေးမှာလဲ ရှိနေခဲ့တယ်။

သူတော်ဂိုဏ်းအားလုံးကို ဆန့်ကျင်လို့ ကိုယ်အရမ်းချစ်တဲ့ မင်းဘက်မှာရပ်တည်တိုက်ခိုက်ခဲ့တယ် ။ ကိုယ်ချစ်တဲ့မင်းဘက်မှာရပ်တည်ခဲ့လို့ အကြီးအကဲတွေသတ်မှတ်အမိန့်ချလိုက်တဲ့ ပြစ်ဒဏ်တွေကို တွေဝေခြင်းနောင်တအလျင်းမရှိပဲ ကိုယ်ခံယူရဲတယ် ၊ ခံယူခဲ့တယ် ဝေ့ရင်း ။

ရက်စက်လှပါချေရဲ့လို့ပြောနေကြတဲ့ ရီလင်းအရှင်သခင်ကြီး* မင်းရဲ့ မျက်နှာဖုံးအောက်က အသက်နဲ့ရင်းလို့ပေးဆပ်ခဲ့ရပုံတွေ အထီးကျန်ခြင်းတွေ အားကိုးခိုကိုးရာမဲ့ခြင်းတွေကို ကိုယ် တွေ့နေခဲ့ပါရဲ့ ။

ဒါကြောင့်လဲ ......

သူတို့တွေ မင်းအပေါ်နားလည်နိုင်လာစေဖို့ ၊ မင်းခံစားနေရတာတွေကိုသိနိုင်လာစေဖို့ ပေးသမျှအပြစ်ဒဏ်တွေကို ကိုယ်တစ်ယောက်ပဲ ခံယူမယ်ဆိုပြီး ကူစူးကိုပြန်လိုက်သွားခဲ့ပါရဲ့

" ဝေ့ရင်း .... သူတို့မင်းကို နားလည်ပေးကြမှာပါ။ "

ကြာပွတ်ဒဏ်ကြောင့်ရလာခဲ့တဲ့ အမာရွတ်တွေဟာ ဝေ့ရင်း မင်းကို သူတို့ စာနာလာစေဖို့ဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးဖြစ်နေလို့ ကိုယ် နည်းနည်းလေးမှ မနာဘူး ၊ ဒါကို မင်းတစ်ယောက်တော့သိချင်မှသိပါလိမ့်မယ် ။

ဒါပေမယ့် ကံကြမ္မာကြီးက ကိုယ်တို့ကို မျက်နှာသာမပေးခဲ့လေရော့သလား ဝေ့ရင်းရယ်......။

ကိုယ်ပေးဆပ်ခဲ့တာတွေနဲ့တင် သူတို့မင်းကိုနားလည်လာဖို့အကြောင်းအရင်း လုံလောက်ပြီးလို့ အတွေးတိမ်တိမ်တွေးခဲ့မိတယ် ။

အရာအားလုံးကို ကိုယ်သိနားလည်ပြီး နောက်မှာတော့ ....... ဟန်ဆောင်မှုကင်းပြီး ဖြူစင်လွန်းလှတဲ့ မင်းရဲ့အပြုံးလေးတွေ၊ ကိုယ့်နှလုံးသားကို လှိုက်လှိုက်လှဲလှဲနွေးထွေးမှုပေးတဲ့ ဒီအပြုံးလေးတွေ နှင့် ဝေ့ရင်းဆိုတဲ့ ကိုယ်သိပ်ချစ်တဲ့ မင်းကို ဆုံးရှုံးခဲ့လိုက်ရပြီ။

MoDaoZuShi မှ တွေးမိတွေးရာလေးများ Where stories live. Discover now