Part~1💔Z+U

4.7K 325 32
                                    

(Zawgyi)

တောင်ကိုရီးယား နိုင်ငံ Seoul မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ...အရပ်ရှည်ရှည် Smart ကျကျ ကောင်လေးတစ်ယောက် ထွက်လာခဲ့သည်

ဆံပင်ကို သပ်ရပ်စွာ ဖီးသင်ထားပြီး လှန်တင်ထားသည် Shirt အဖြူရောင်အား ဂျင်းပင်န်ဖြင့် တွဲဝတ်ထားသော သူ့ပုံစံလေးက လေဆိပ်ရှိ မိန်းကလေးများ၏ အာရုံကို အတော်လေးဖမ်းစားထားနိုင်၏

ခပ်ရေးရေးပြုံးလိုက်သည့်အခါ ပါးပြင်ထက် ပေါ်လာသော ပါးချိုင့်နက်လေးက သူ၏ ခန့်ညားမှုကို ထပ်မံပြည့်စုံစေသည်

သူ၏နောက်ထပ် ချစ်စရာကောင်းသည့်အချက်လေးက နားရွက်ကားကားလေးတွေပင်...

ဖခင်ဖြစ်သူရော မိခင်ဖြစ်သူဆီမှရော အမွေရသည့်သည့် အရပ်အမောင်းရယ်ကြောင့် သူ့ပုံစံက အတော်လေးကို ခန့်ညားလှသည်

သူကား...'EXO' Group ၏ CEO Park Kris နဲ့ Zi Tao တို့၏ တစ်ဦးတည်းသော သား Park Yeol ပင်....

ညီငယ်ဆုံးပြီး သုံးနှစ်ကြာမှမွေးလာသည့် သား ဖြစ်သူက ညီငယ်ဖြစ်သူ Park Chan Yeol နှင့်တူလွန်းလှသောကြောင့် မိသားစုဝင်အားလုံးက ညီငယ် ဝင်စားသည်ဟု သတ်မှတ်ကာ Park Yeol ဟုပင် နာမည်ပေးခဲ့သည်

"PaPa...MaMa..."

လာကြိုသော ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူအား မြင်လိုက်ရသောအခါ...ပါးချိုင့်လေးများပေါ်အောင် ပြုံးရင်း..ပြေးသွားသော ကောင်လေး ဖြစ်သူက China ရှိ ဦးလေးဖြစ်သူ YiXing ဆီမှ ပြန်လာခဲ့ခြင်းပါ...

မွေးပြီးလေးနှစ်လောက်အထိ စကားမပြောပဲ ပထမဆုံးပြောသောစကားက BaekHyuneee ဆိုသော စကားကြောင့် မိသားစုအားလုံး အံ့သြခဲ့ရသည်..

တစ်စထက်တစ်စ ပြောပြောလာတဲ့စကားတွေက ChanYeol ၏ ပုံစံတွေ သူနဲ့ BaekHyunနာမည်တွေသာများနေခဲ့၍ အတိတ်ဘဝက အဖြစ်ဆိုးတွေကို မေ့ပျောက်စေရန် ငယ်စဉ်ကတည်းက ဦးလေးဖြစ်သူ YiXing တို့ ဇနီးမောင်နှံထံ Kris ပို့ထားခဲ့သည်မှာ အခု ၁၈ ပြည့်ပြီး၍ သားက တက္ကသိုလ် တက်ရမည့်အရွယ်ပင်ဖြစ်နေခဲ့ပြီ

" Agioo...MaMa သားလေးက လူကြီးဖြစ်နေပြီပဲ...ချောလာလိုက်တာ.."

မိခင်ဖြစ်သူ Tao မှ ပွေ့ဖက်ကာ ပြောတော့ Yeol က ရယ်လေသည်

💔 VILLAIN 💔 [SEASON~2]Where stories live. Discover now