Part~2💔Z+U

3.8K 317 35
                                    

(Zawgyi)

"Ma..Morning "

"Pa...Morning "

"Morning Ma'သားလေး.."

"သား..ဒီနေ့ကျောင်းစတက်ရမှာဆိုတော့ အပီအပြင်စတိုင်တွေထုတ်လာတာပေါ့ "

China ကပြန်ရောက်ခါစက အနက်ရောင်ဆံပင်တွေက ခရမ်းရောင် အဖြစ်သို့ပြောင်းလဲကာ ဆံပင်ပျော့ပျော့တွေက အရင်လိုလှန်တင်ထားခြင်းမဟုတ်ပဲ နဖူးထက် ခပ်ဖွာဖွာဝဲကျနေတော့ ကလေးလေးလိုပင်

သားငယ်၏ အပြင်အဆင်ကြောင့် မိဘနှစ်ပါး ငေးကြည့်ရင်း ပြုံးမိကြသည်

"Ma'သားလေးတော့ ကျောင်းရောက်ရင် ကောင်မလေးတွေဝိုင်းနေတော့မှာပဲ "

"အယ် မား ကလည်း..နောက်ပြီ..ဒါဆို.သားသွားတော့မယ်နော်..PaPa..နဲ့ MaMa.."

"Coffee ကုန်အောင်သောက်သွားဦးလေး..သား.."

"တော်ပြီ..Pa ပထမဆုံးရက်ဆိုတော့စောစောသွားချင်လို့..Bye..မား...မွ.."

မိခင်ဖြစ်သူအား ပါးပြင်ထက် အနမ်းတစ်ပွင့်ခြွေကာ ဖခင်ကိုတော့ ပွေ့ဖက်ကာ ထွက်သွားသော သားဖြစ်သူအား Kris တို့လင်မယားနှစ်ယောက်တနေ့တခြား ပိုအချစ်ပိုရသည်

သားငယ် ဖြစ်စေချင်တဲ့အတိုင်း..အရာအားလုံးကို PaPa တို့ လိုက်လျောမှာမို့ ဒီဘဝမှာတော့ သားငယ်ပျော်တာပဲမြင်နေပါရစေ...

°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°

Seoul တက္ကသိုလ် အကျယ်ကြီးထဲ ဘယ်သွားလို့သွားရမှန်းမသိ၍ Yeol တစ်ယောက် လျှောက်သွားနေမိသည်

" ဟူး...Physics အဆောင်က ဘယ်မှာပါလိမ့်.."

မြေပုံတစ်ခုနဲ့ တက္ကသိုလ်ဝင်းထဲ Yeol တစ်ယောက် ချာချာလည်နေလေသည်

"Ya Na Young မြန်မြန်လာစမ်းပါဟာ.."

"Hyun ah..ငါ..SoMi ကို သွားနှုတ်ဆက်လိုက်ဦးမယ် "

" အဆောင်တူတာလည်းမဟုတ်ပဲနဲ့ဟာ လာစမ်းပါ ကိုယ့်အဆောင်ပဲကိုယ်တွေ့အောင်ရှာရအောင် "

"နင်ကလည်းဟာ ခဏလေးပဲကို..ခဏလေးပဲသွားနှုတ်ဆက်မှာပါ.."

"မသွားရဘူး..အဲ့ကောင်မလေးက နင့်မှာ ငါဆိုတဲ့ ရည်စားငုတ်တုတ်ရှိနေတာတောင် နင့်ကိုလိုက်ကြောင်နေတာ ငါမပြောလိုက်ချင်ဘူး မိန်းကလေးချင်းချင်း စိတ်ဝင်စားရတယ်လို့ "

💔 VILLAIN 💔 [SEASON~2]Where stories live. Discover now