final

1.7K 156 15
                                    

ကာယချိန်​ပြီးမှ ​ကျောင်းဆင်းရမှာ​ပေမယ့်​ ဂျင်းနီ ကာယချိန်​မှာ အားကစားရုံကို​မ​သွား​တော့ဘဲ​ ​စောပြီး​ကျောင်းခိုးဆင်းဖို့​လုပ်​ခဲ့သည်​။ ထုံးစံအတိုင်းပဲ အင်မတန်​​ကြောက်​တတ်​လန့်​တတ်​ပြီး စည်းကမ်းဆိုသ​ဝေမတိမ်းလိုက်​နာ​သော old school ပတ်​ချယ်​​ယောင်းကို ဘယ်​လိုမှအ​ဖော်​ညှိမရ။ ဖြစ်​ချင်​​တော့ သူမရဲ့မဟုတ်​တာလုပ်​​ဖော်​လုပ်​ဖက်​ အင်​နာယွန်းကလဲ ​ကျောင်းကိုမလာ​ချေ။

ဒီ​တော့ ဂင်​ဂျင်းနီတစ်​​ယောက်​ထဲပဲ လှုပ်​ရှားရ​တော့သည်​။ ဒါ​ပေမယ့်​ အခုလိုအချိန်​မျိုးမှ သိပ်​ကိုတာဝန်​​ကျေလွန်း​နေ​သော ​ထို​ကျောင်း​ကောင်​စီဥက္ကဋ္ဌကြီးနှင့်​ တန်းကိုမိ​တော့၏။

အ​ရေး​ပေါ်​လှေကားအဆင်း ​ကျောင်း​အ​နောက်​ဘက်​​ပေါက်​ကထွက်​ဖို့ ဂျင်းနီအလုပ်​ သူမလက်​ကို ရင်းနှီး​နေ​သောလက်​တစ်​ဖက်​က ထုံးစံအတိုင်းဖမ်းဆွဲထားသည်​။ ​မော့ကြည့်​လိုက်​​တော့ သူမ​တွေ့​လိုက်​ရတာက ​နေ့လည်​စာစားချိန်​တုန်းက ကန်​တင်းမှာ သူမမျက်​​စောင်း​တွေချည်းထိုးပစ်​ခဲ့သည့်​ ဂင်​ဂျီဆူး။

သူက ဂျင်းနီကို ထိုအမြင်​ကပ်​စရာသိပ်​​ကောင်းသည့်​ ​အောင်​နိုင်​သူအပြုံးကြီးကို မထိတထိပြုံးပြ​နေ၏။
အား.... မုန်းလိုက်​​တာ​နော်​..

ဂျီဆူးသူမကိုမိသွားပြီဆို​တော့ ကျိန်း​သေ​ပေါက်​ဂျင်းနီထင်​ခဲ့တာက သူ သူမကို detention ​ပေး​တော့မည်​​ပေါ့..။ ဂျင်းနီတွင်​လဲ ကြက်​​ကြော်​ကူပွန်​ကမရှိ​တော့ဘူးဆို​တော့ သူမအပြစ်​​ပေးခံရမှာ ​သေချာသ​လောက်​ရှိ​နေသည်​​လေ။ ဒါ​ပေမယ့်​ သူမထင်​သလိုမဖြစ်​လာခဲ့..

"​နောက်​တစ်​ခါဆို ဒီ​က​နေမထွက်​နဲ့ ဒီမှာက ငါအမြဲတမ်းအိပ်​​နေကြ.. နင်​ကျောင်း​ပြေးချင်​ရင်​ စာကြည့်​တိုက်​​ဘေးကတံခါးကိုသုံးလို့ရတယ်​"

သူက သူမကိုအဲ့လို​ပြောရင်း မျက်​လုံး​တွေပြူးထွက်​​တော့မ​ယောင်​ဖြစ်​​နေသည့်​သူမကိုလျစ်​လျူရှုကာ သူမလက်​ကိုဆွဲပြီး တံခါးအပြင်​ကို​ခေါ်ထုတ်​လာသည်​။

On a scale of 1 to 10, how much do you like me ? (Jensoo)Where stories live. Discover now