8 (Party)

5.1K 449 21
                                    

UNICODE

Taehyung

ရေချိုးပြီးမှန်ထဲမှာပေါ်နေသောကိုယ့်ပုံရိပ်ကိုပြန်ကြည့်နေမိသည်။ စိတ်ချမ်းသာတာကြောင့် ပုံမှန်ထက်ပိုကြည်နေသောမိမိသွင်ပြင်

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

ရေချိုးပြီးမှန်ထဲမှာပေါ်နေသောကိုယ့်ပုံရိပ်ကိုပြန်ကြည့်နေမိသည်။ စိတ်ချမ်းသာတာကြောင့် ပုံမှန်ထက်ပိုကြည်နေသောမိမိသွင်ပြင် ... အသုံးအဆောင် အနေအထိုင် ပြောင်းလဲခဲ့ရသော ရက်သတ္တပတ်အနည်းငယ်အတွင်း ကိုယ်တိုင်သတိပြုမိလာသည်အထိအရောင်အသွေးတတ်လာခဲ့တာ။

အရင်ကဆို ကိုယ်တိုင်ကြိုက်လွန်း၍၀ယ်ထားတဲ့ လက်ငါးချောင်းမပြည့်သောအဝတ်အစားကောင်းကောင်းကလွဲရင် ကျောင်းသွားသွား အလုပ်သွားသွား အဆင်ပြေရာကောက်ဝတ်တတ်သောသူ ...

ယခုဆို အိမ်နေရင်းတောင် Adidas , Puma , FILA စသည်တို့မထပ်စေရ။

"Wow! Hoseok Hyung က မင်းကိုမင်းသားလေးလိုထားတာပဲ Taehyung"

အဝတ်ဘီဒိုကို ကြည့်ပြီးတအံ့တသြရေရွတ်လာသူက JK...

ပြောလည်းပြောချင်စရာပါ။ ဘီဒိုတစ်ခုလုံးက Seok ကောင်းမှုနဲ့ Designer Brand တွေသာ နေရာယူထားတာ.. တံဆိပ်တောင်မဖြုတ်ရသေးတာတွေလည်းတပုံတပင်။

စစချင်းတုန်းကတော့စျေးကြီးလှတဲ့အဝတ်တွေကြောင့် ရှိုးတိုးရှန်းတန်းဖြစ်ခဲ့ပေမယ့်အခုဆို အတော်အသားကျလာပြီ။

အဝတ်အစားနဲ့ Accessories တင်ပဲလား...

ဘာဝါသနာပါလဲ ဆိုလို့ ဓါတ်ပုံရိုက်တာ လို့ဖြေမိခဲ့တဲ့အကျိုးဆက်က ကျွန်တော့စားပွဲပေါ်က ကင်မရာ သုံးလုံးပင်ဖြစ်သည်။

Polaroid Camera အပါအဝင် Canon နဲ့ Olympus , Pro Camera တို့ကတမုဟုတ်ချင်း ကျွန်တော့်အတွက်ဖြစ်လာခဲ့သည်။

ကျောင်းစားရိတ်နဲ့စားသောက်နေထိုင်ရေးအပြင် အိမ်ကိုထောက်ပံ့ရသောငွေကြေးတို့ကြောင့် ဝါသနာပါလှသောဓါတ်ပုံရိုက်ခြင်းကိုဘေးပို့ထားခဲ့ကာ ကြုံတိုင်းငေးသာကြည့်ခဲ့ရတဲ့အရာတွေကို Hyung ကတောင်းဆိုခြင်းလုံးဝမပါတဲ့စကားတစ်ခွန်းအတွက်ဖြည့်ဆည်းပေးခဲ့သည်.

Ways To Say LOVE (Vhope/Vope) - CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ