14 (Betting)

4.9K 336 43
                                    

UNICODE

Taehyung

"Vehicle Trade ဆိုတာ ဆရာတို့နိုင်ငံရဲ့ဥပဒေအရ...."

Vehicle Trade အကြောင်းကိုသေချာရှင်းပြနေပေမယ့်စာထဲစိတ်မဝင်စားနိုင်...
စိတ်ဝင်စားတာက အဲ့ဒိအကြောင်းကိုသင်ပြနေတဲ့ Seok ကိုသာ။

ရှပ်အကျီအဖြူရဲ့လက်ကို တံတောင်ဆစ်အထိပင့်တင်ထားပြီး တတ်ကြွစွာစာသင်နေတဲ့ သူ့ပုံသည်လိုတာထက်ပိုဆွဲဆောင်မှုရှိနေသည်။

စကားတွေဆက်တိုက်ပြောရတာ အာခြောက်လို့ထင် တချက်တချက်နှုတ်ခမ်းကို လျှာရဲရဲနဲ့သပ်လိုက်ပြန်တော့ ကျွန်တော်ပါရေငတ်လာမိသလိုလို...

စားပွဲပေါ် လက်နှစ်ဖက်ထောက်ရင်း စိတ်ဝင်တစားနဲ့စာဆက်ရှင်းပြနေတော့ သက်ပြင်းပူတစ်ခုသာမှုတ်ထုတ်လိုက်မိတော့တာ။

ကျွန်တော့်ဝတ်ထားတဲ့အနက်ရောင်ဘောင်းဘီအကျပ်နဲ့ Leather Jacket က အလုပ်မဖြစ်တာများလား...

ဒီလောင်းကစားမှာတော့ ကျွန်တော်ရှုံးလို့မဖြစ်ပါ။ လောင်းကြေးကကြီးသည်မဟုတ်လား?

အလောင်းကစားစတင်ခဲ့တဲ့အကြောင်းအရင်းကိုပြောရမယ်ဆိုလျှင်တော့...

Flashback~

"Seok အဲ့ဒါနဲ့အကျပ်ကိုင်တာ ယုံကိုမယုံနိုင်ဘူး "

"ဟက်... အဲ့ဒါဆို အခုယုံလိုက်တော့...ဘာဖြစ်လို့လဲ Tae ရဲ့... Tae လည်းကြိုက်တာပဲဟာကို... Tae နဲ့ဒီလောက်လှတာ..."

ပြောနေရင်းက သူ့မျက်လုံးတွေက ရီဝေဝေ...

"ဒါမယ့်မတော်တဆ Jin Hyung တို့သိသွားရင် ဘယ်လိုလုပ်မလဲ ... Suga Hyung ရော.. ဟိုနှစ်ယောက်ရောရှိနေတာကို.. "

"အဲ့ဒိအချိန်ပြောမှ Tae က ကိုယ့်ကိုလိုက်လျှောပေးမှာလေ... မဟုတ်ရင် Tae ကရှက်တယ်ဆိုပြီးငြင်းနေမှာ...ကိုယ်တောင်းဆိုနေတာဘယ်လောက်ကြာပြီလဲ..ပြော..."

ဖက်ထားတဲ့လက်တွေကို တင်းကျပ်ပစ်ရင်း ခေါင်းပေါ်အနမ်းခြွေရင်းမေးလာတော့ ကိုယ်တိုင်လည်းအတော်ကို နှစ်သက်ပျော်ဝင်ခဲ့တဲ့ထိုညနဲ့ပတ်သတ်ပြီး ငြင်းစရာစကားမရှိ။

တကယ်တော့ ထိုကိစ္စရဲ့အစသည်ကျွန်တော် လျှာရှည်ခဲ့ခြင်းသာ...

Ways To Say LOVE (Vhope/Vope) - CompleteWhere stories live. Discover now