အိမ်ခေါင်မိုးထပ်တွင် Pianoတီးရင်း...ကလေး ကိုသာသတိရနေခဲ့မိသည်။
••••••••••••••••••••••••••••••••••••••••
2009ကလေး နဲ့ကျနော်နဲ့လည်းတော်တော်လေးကို ရင်းနှီးနေခဲ့ပြီ။ တစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာပေါ့။
"Jiminie! ကစားကွင်းသွားမယ်ဆို လာHyungနဲ့သွားမယ်"
အိမ်ထဲကနေ ပျော်ရွှင်စွာပြေးထွက်လာတဲ့ ပုပုလုံးလုံးကောင်လေးကိုကြည့်နေမိသည်။
"Hyung ဘာတွေအဲ့လောက်တောင်ကြည့်နေတာလဲ သွားကြမယ်လေ"
"အင်း"
ကစားကွင်းထဲတွင် သူဆော့ချင်တာ အကုန်ဆော့ပြီးနောက် မောသွားသည်ထင်ပါရဲ့။ အိမ်ပြန်စို့တဲ့လေ။
"ပြန်တော့မလို့လား Jiminieရဲ့ Hyungကရေခဲမုန့်ကျွေးမလို့ကို..မစား ချင်ဘူး ဆိုရင်လည်း.."
ချက်ချင်း ကျနော့်လက်ကိုကိုင်ကာ
"အာ..ခုနကနောက်လိုက်တာ ....စားချင်တယ်လို့နော်"
သူ့အတွက် Stawberry ice cream နှင့်ကျနော့်အတွက် Milk ice cream ကိုပဲဝယ်လာခဲ့လိုက်သည်။
ကစားကွင်းထဲက ခုံတစ်ခုံတွင် ထိုင်စားရင်း
"Jiminie ကြီးလာရင်..ဘာလုပ်မှာလဲ"
ကလေးက ပြူးကြောင်ကြောင် နှင့်ကျနော့်ကို အတန်ကြာအောင်ကြည့်နေသည်။
"Pianist လုပ်ချင်တာ..ဒါပေမဲ့ ကျနော်က မတီးတတ်ဘူးလေ ဟီး"
"Hyungတီးတတ်တယ် Jiminie သင်ချင်လား?"
နှစ်ခါမငြင်းပဲ ခေါင်းကို အရမ်းတွေငြိမ့်နေသော ကလေးကို ကြည့်ရင်း ပြုံးမိသည်။
နောက်ဆိုရင် ကလေးကို 'ကလေး' လို့ ကိုယ့်နှုတ်ဖျားက ရဲရဲကြီးခေါ်နိုင်မှာပါ။
10 years later (2018)
15နှစ်သား ကျနော်က 25နှစ်ဖြစ်နေခဲ့ပြီ။
Min Companyကိုဦးစီးနေရသူ ဆိုပေမယ့်လည်း Christmas တိုင်းတော့ ကလေးရှိရာ Daeguကို ပြန်သည်။
YOU ARE READING
My Christmas Soul ✔
Short Story•~YoonMin~• ◎ Yaoi ◎ လက်ပုပုသေးသေးလေးတွေရယ် မျက်လုံးလေးတွေမှိတ်သွားတဲ့အပြုံးရယ် နှုတ်ခမ်းထူထူလေးရယ် မင်းနဲ့ပတ်သတ်တဲ့ အရာအားလုံးက ကိုယ့်ရဲ့ Soul #Kim