Soul

577 91 4
                                    

2020

"MinYoonGi..မင်းအခုလို အ​​လေ လိုက်​​နေတာ​တွေရပ်​ပြီး Sooနဲ့ မြန်​မြန်​လက်​ထပ်​ဖို့လုပ်​"

Appaစကားများက နားထဲကို ဝင်​တစ်​ချက်​ မဝင်​တစ်​ချက်​..အရင်​ကဆို Companyမှာ အလုပ်​ကြိုးစားတဲ့ MinYoonGi ဘယ်​​ရောက်​သွားပြီလဲလို့ လူ​တွေက​မေးလို​မေး..။

ကျစ်​...။

"ငါ​ပြော​နေတာကြားလား..အခုဆို ငါတို့Compa.."

ရုတ်​တရက်​ ဝင်​လာ​သောYoonJi​ကြောင့်​ Appaက စကားကိုရပ်​လိုက်​သည်​။

MinYoonJiက​တော့ သူ့ညီမဆိုသည့်​အတိုင်း သူနှင့်​​တော်​​တော်​တူသည်​။ ဖြူဥ​နေသည့်​ အသားအရည်​တွင်​ ပါးနီရဲရဲ​လေးရယ်​..နှုတ်​ခမ်းနီ ရဲရဲ​လေးရယ်​ နှစ်​ခုထဲနှင့်​​တော့ Perfectဖြစ်​​နေသည်​။

December ​ရောက်​ပြီဆို​တော့ LongCoat ပန်း​ရောင်​​လေးကိုလည်းဝတ်​ထားသည်​။

"YoonGi Oppa..အပြင်​မှာဧည့်​သည်​​ရောက်​​နေတယ်​"

"ဘယ်​သူလဲ..?"

"ParkJi..ဘာဆိုလား ပဲ"

ချက်​ချင်းဆိုသလို မျက်​လုံးများက အ​ရောင်​​တောက်​ကာ ထ​ပြေးထွက်​သွား​သော YoonGiကို ကြည့်​ရင်း သူ့ညီမ ​ခေါင်းခါမိသည်​။ ဒီလို ထွက်​သွားပုံအရဆို ထိုသူက Oppaအတွက်​ အ​ရေးပါတဲ့ သူဖြစ်​ရမည်​ ဟုလည်း​တွေးမိသည်​။

ထို့​ကြောင့်​ Devil Smileကို သုံးကာ သူ့အကိုကို ​နောက်​ရန်​ကြံလိုက်​သည်​။

••••••••••••••••••••••••

"Ji...Jiminie?"

သူ့အသံ သြရှရှလာရာ ဖက်​ကိုကြည့်​မိ​တော့ ဖရိုဖရဲနှင့်​ ထိုအဖိုးကြီး...ခင်​ဗျား ကျ​နော့်​ကိုပစ်​သွားခဲ့တာ နှစ်​နှစ်​ရှိပြီ။

MYG's pov: လက်​နုနု​သေး​သေး​လေးများကို ပွတ်​တိုက်​​နေ​သော က​လေးက သူ့အသံကြား​တော့ ပြူးကျယ်​ဝိုင်းစက်​​သော မျက်​လုံးက​လေးများနှင့်​​မော့ကြည့်​သည်​။

"MinYoonGi..!ခင်​ဗျားမ​ကောင်းဘူး"

MinYoonGi?ခင်​ဗျား? မ​ခေါ်ဖူး​သော အ​ခေါ်​အ​ဝေါ်​တွေ​ခေါ်ကာ ငို​နေ​သော က​လေးကို သူ​ကြောင်​ကြည့်​​နေမိသည်​။

My Christmas Soul ✔Where stories live. Discover now