Part-16

1.4K 138 10
                                    

(Plan စိတ်ထဲမှာ မကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုတာ သိနေပေမယ့် Mean ရဲ့ အကျောကိုမခံချင်လို့....အစီစဉ်အတိုင်းဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်..)

Plan: ဟွေး မသိတော့ဘူး

( Plan ကားကိုအရှိန်တင်ပီးတော့ Mean နားကိုမောင်းထွက်လိုက်တယ်..)

ဂျိန်း........ဒုန်း....အား

(Plan ရုတ်တရက် ဘရိန်အုပ်လိုက်ပေမယ့် အရှိန်များတာကြောင့် ဆိုင်ကယ်အနောက်ကနေ ဝင်စောင့်မိသွားတယ်..ဆိုင်ကယ်အနောက်ဘက်တစ်ခုလုံးကြေမွသွားတယ်..)

Plan💭ဟင်..Mean ဘာဖြစ်သွားပြီလဲမသိဘူး

(Plan ပူထူသွားတယ်..ချက်ချင်းကားထဲကထွက်ပြီး Mean ကိုထွက်ကြည့်တယ်..)

Plan: ဟင်..Mean မင်းခေါင်းမှာသွေးတွေနဲ့

(Mean ကတော့ အပြုံးမပျက်..)

(Plan သူ့နားကိုသွားပြီး ခေါင်းကိုမပြီး ပေါင်ပေါ်တင်လိုက်တယ်...ပြီးတော့ဖုန်းကိုထုတ်လိုက်တယ်..)

Plan:မင်းတောင့်ထားနော်..ငါဆေးရုံကားချက်ချင်းခေါ်လိုက်မယ်

Mean: မင်း..ငါ့ကိုခွင့်လွှတ်ပြီလား Plan

(ပြုံးပြီးမေးလိုက်တယ်..)

Plan💭Mean ရယ် ဘယ်လိုတောင်မေးလိုက်တာလဲ မင်းရဲ့မေးခွန်းက ငါ့ရင်ကိုတကယ်နာကျင်စေတယ်

Plan:မင်း...အရူးလား ဘာလို့ဆိုင်ကယ်ကိုရပ်လိုက်တာလဲ...ကိုယ့်ကိုကိုသေကြောင်းကြံနေတာလား မင်းသေရင် ငါအမှုပတ်နေမှာ..

(ငိုယိုပြီးပြောတယ်..)

(MeanကPlan ပါးပေါ်ကမျက်ရည်တွေသုတ်ပေးရင်...)

Mean: ငိုမနေနဲ့တော့...ကလေး
ဆေးရုံကားလည်းခေါ်စရာမလိုဘူး
ကလေး ကိုယ်တိုင် ဆေးရုံကိုလိုက်ပို့ပေး

Plan: မရဘူး... မင်းငြိမ်ငြိမ်နေ

(Mean က Plan ရဲ့ဖုန်းခေါ်မယ့်လက်ကိုတားလိုက်ပြီး...)

Mean:တောင်းဆိုတာပါ..

Plan: မင်းက နေမကောင်းတာတောင် လူဆိုးလုပ်နေတုန်း
(Mean ပြုံးပြလိုက်တယ်...)

(Plan နှာတရှုတ်ရှုတ်နဲ့ Mean ကိုထူပြီး ကားပေါ်တင်လိုက်တယ်..Planရုတ်တရက်ဘယ်ဆေးရုံမောင်းရမှန်းမသိဘူးဖြစ်နေတယ် ဒါနဲ့Meanက ဆေးရုံလိပ်စာကတ်ပြားတစ်ခုထုတ်ပေးလိုက်တယ်..ပြီးတော့ Plan လည်း အဲ့ဒီဆေးရုံကိုမောင်းသွားလိုက်တယ်..)

MeanPlan & Pond (complete)Where stories live. Discover now