Part-23

1.5K 119 7
                                    

အဲ့လိုနဲ့ Plan က Mean နဲ့တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းရင်း ကျောင်းပိတ်ရက် Sunday မှာပေါ့..

Plan: ဟွေး...တစ်ပတ်တောင်ပြည့်သွားပြီ ပင်ပန်းလိုက်တာ.. ဟူး

Mean: ဘာလဲ..မင်းနဲ့ငါလင်မယားဖြစ်တာလား

(Mean လက်ကိုနောက်ပစ်ထားရင်းမေးလိုက်တယ်..)

Plan: ထွီး မင်းအိမ်မှာ ငါအစေခံဖြစ်နေတာကိုပြောတာ..

Mean: ဟိဟိ (Mean ကြိတ်ရယ်လိုက်တယ်.)

ပြီးတော့..သူ့နောက်ကလက်တွေကိုထုတ်ရင်း

Mean:Plan ဒီမှာကြည့်

Plan: ဟင်..မင်းပတ်တီးရော

Mean: မလိုတော့ဘူး သက်သာသွားပြီ

Plan: ဒါဆို..ငါအိမ်ပြန်လို့ရပြီပေါ့

Mean: မင်းသဘော..

Plan: ငါ့သဘောဆို အရင်အပတ်ထဲကပြန်ချင်နေတာ

Mean:ဟူး

(သက်ပျင်းအရှည်ကြီးချလိုက်တယ်..)

Plan: ဒါဆို ငါအဝတ်တွေသိမ်းလိုက်တော့မယ်

Mean: အင်း

...........(အထုပ်တွေသိမ်းပြီးတော့..)

Plan: မင်း..တကယ်အဆင်ပြေလို့လား

(Planရဲ့မျက်နှာက ပြန်ချင်တဲ့အရိပ်အယောင်မပြချေ..)

Mean: အင်း

Plan: ဒါဆိုငါပြန်တော့မယ်နော်

Mean: နေဦး မင်းအိမ်မပြန်ခင် ငါနဲ့အတူတူ တစ်နေရာကိုလိုက်ပေးပါလား

Plan: အင်း..ဘယ်နေရာလဲ

(ချက်ချင်းမဆိုင်းမတွဘဲပြန်ဖြေလိုက်တယ်..)

Mean: မင်းကိုပျော်စေမယ့်နေရာ

Plan: ကြောင်တောင်တောင်နဲ့..

(Plan အထုပ်ကိုချပြီးကားထဲဝင်ထိုင်နေလိုက်တယ်..)

၁၅မိနစ်လောက်ကြာတော့

Plan: ကြာလိုက်တယ်..အဖော်လည်းလိုက်ပေးရတယ် အကြာကြီးစောင့်နေရတယ်

Mean:aww...ခေါ်ထိုး ခေါ်ထိုး ထည့်စရာပစ္စည်းလေးတွေရှိလို့

Plan: ငါ့ကိုနေရာမပြောတော့ မင်းဘာသာမင်းမောင်း..ဟွန်း

MeanPlan & Pond (complete)Where stories live. Discover now