P.1

15.6K 1K 33
                                    

Zawgyi

studio ခန်းတစ်​ခုအတွင်း..လွင့်​ပျံ​နေသည့်​..
သီချင်းသံ​သဲ့သဲ့..။

အသံသည်..​​ချိုမြခြင်းတစ်​ချို့နဲ့အတူ သြရှရှဖြစ်​ခြင်းတစ်​ချို့ ပါ
ရောယှက်​​ကာ စွဲမက်​ဖွယ်​​ကောင်းလွန်းသည်​..။
သံစဉ်​ နဲ့အတူ လိုက်​ဖက်​စွာ သီဆို​နေသည်​မှာ..
အသက်​မရှုတမ်း နား​ထောင်​ဖို့ထိုက်​တန်​လွန်းသည်​..။

အသံအနိမ့်​အမြင့်​..အဖြတ်​အ​တောက်​ ကိုကြည့်​ခြင်း
အားဖြင့်​..ကျွမ်းကျင်​ပညာရှင်​အဆင့်​ဆိုတာ..
ယုံမှားသံသယရှိစရာမလို..။
အ​ရှေ့တည့်​တည့်​က ထိုင်​ကြည့်​​နေမည်​ဆိုရင်​..
အာရုံ​သေချာစူးစိုက်​ပြီး သီဆို​နေသည့်​ ဟန်​ပန်​တစ်​ခုကိုလဲ
လေးနက်​စွာ မြင်​​တွေ့နိုင်​သည်​..။

ထို့အတူ...
ငွေမှင်​​ရောင်​ ဆံနွယ်​​တွေနဲ့ လိုက်​ဖက်​သည့်
မျက်​နှာ​ချော​ချောတစ်​ခုနဲ့အတူ..
နှုတ်​ခမ်း​ထောင့်​အ​ပေါ်က မှဲ့နက်​က​လေးတစ်​ပွင့်​ရဲ့
လှပမှုကိုပါ..တစ်​ပါတည်း​တွေ့မြင်​နိုင်​မည်​ ဖြစ်​သည်​..။

ဘုရားသခင်​ရဲ့ ​ကောင်းချီး​ပေးမှု​တွေကို..
သူတစ်​ဦးတည်းရရှိထား​လေသလားလို့..သံသယရှိရ​အောင်​ပင်​..
ကောင်းမွန်​တဲ့အသံ..
ကောင်းမွန်​တဲ့ ရုပ်​ရည်​ရူပကာကို..
ပိုင်​ဆိုင်​ထားတဲ့လူသား​လေး...။

သီချင်းသီဆို​နေဟန်​က...မြင်​ရသူကို ပိုင်​ဆိုင်​လိုချင်​စိတ်
တွေ ​ပေါက်​​စေသည်​..။

"သီချင်း​လေးက​ကောင်းသားပဲ.."

"ဟုတ်​ကဲ့..​ကျေးဇူးပါ..ဥက္ကဌ.."

သီချင်းအလယ်​​လောက်​ကတည်းက..studioထဲ
ရောက်​​နေသည့်​ အမျိုးသမီးကြီးဆီက​နေ
ချီူကျူးစကားသံထွက်​လာတဲ့အခါ..
ငွေမှင်​​ရောင်​​လေးက အပြုံးချိုချို​လေးနဲ့..
ကျေးဇူးစကားဆို​လေသည်​..။

နေ့လည်​စာသွားစားဖို့ဆိုပြီး အမျိုးသမီးကြီးကို..
နှုတ်​ဆက်​စကားဆိုကာ..studioထဲက
ထွက်​ရန်​ဟန်​ပြင်​လိုက်​​တော့...
အမျိုးသမီးဆီက​နေ စကားသံထပ်​ထွက်​လာသည်​..။

Because He is Byun Baek Hyun ( Zawgyi + Unicode )Where stories live. Discover now