P.10...*

6.3K 724 10
                                    


Zawgyi

ပထမတစ်​​ခေါက်​တုန်းက စက္ကန့်​ပိုင်း ​လောက်
ထိ​တွေ့ခဲ့ရရုံနဲ့ သ​ဘောကျနှစ်​ခြိုက်​ခဲ့ရ​သည့်
နူးညံ့​နွေး​ထွေးသည့်​ အထိအ​တွေ့သည်
အခုတစ်​​ခေါက်​ကျ​တော့
မိနစ်​ပိုင်းတစ်​ချို့ထိတိုင်​​အောင်​ အချိန်​ကြာမြင့်​သွားတဲ့အခါ
အလိုက်​မသိတတ်​တဲ့ နှလုံးသားက ​ပေါက်​ကွဲမထွက်​ကို
ကဆုန်​​ပေါက်​ပြီး ခုန်​​နေ​လေသည်​...။

သူ့ကို အခုကစပြီး ယုံကြည်​လို့ရပါတယ်​ဆိုတဲ့စကားကို
နှလုံးသားရဲ့ အနက်ရှိုင်းဆုံး​နေရာက​နေ ယုံကြည်​ချင်​သည့်​ ဆန္ဒ​တွေ တိုးပွား
နေလို့လား
ဒါမှမဟုတ်​ ကိုယ်​ချစ်​ရတဲ့လူဖြစ်​​နေလို့လား​တော့မသိ..

အတိ​တ်​က ဘာ​တွေပဲ ဖြစ်​ခဲ့ပါ​စေ..
လက်​ရှိအခိုက်​အတန့်​ထဲမှာပဲ ​မွေ့​လျော်​ပစ်​လိုက်​ချင်​တဲ့စိတ်​​တွေကို အဆူံးစွန်​အထိ လိုက်​​လျော​ပေးထားသည်​..။

ကျွန်​​တော့်​လက်​နှစ်​ဖက်​ကို သူ့လက်​​တွေနဲ့
ဖိကိုင်​ပြီး နှစ်​ခမ်းနှစ်​လွှာကို ကျွမ်းကျင်​ပါးနပ်​စွာ
ဆွတ်​ခြူ ​နေတာကို နှစ်​ခြိုက်​​​နေမိသည်​..ါ်

မွတ်​မွတ်​သိပ်​သိပ်​ နမ်းရှိုက်​​နေတာမို့..
တစ်​ခါတစ်​ခါ ကျွန်​​တော့်​ဦး​ခေါင်း..
အောက်​က ​ခေါင်းအုံးထက်
နစ်​၀င်​သွားတဲ့အခါတိုင်း သူ့လက်​​ချောင်းသွယ်​သွယ်​​တွေကို
အားကိုးတစ်​ကြီး ဆုပ်​ကိုင်​ထားရတာကို
သ​ဘောကျ​နေမိသည်​..။

နူးညံ့ကြင်​နာခြင်း​ပေါင်း​မြောက်​မြားစွာကို
ခြံရံ​လွှမ်းခြုံ​နေ​လေ​တော့..
ကျွန်​​တော့်​စိတ်​ထဲမှာ...
ကျွန်​​တော့်​ဘ၀ရဲ့ ပထမဆုံးအနမ်းအ​တွေ့အကြုံက
ကိုယ်​ချစ်​ရတဲ့လူနဲ့ ဖြစ်​​ခွင့်​ရလို့ဆိုပြီး
ဘုရားသခင်​ကိုပါ မဆီမဆိုင်
ကျေးဇူးတင်​လိုက်​မိသည်​..။

နှုတ်​ခမ်းနှစ်​လွှာ​ခေတ္တ ဖယ်​ခွာရသည့်​အချိန်​..
ကျွန်​​တော့်​မျက်​၀န်း​တွေတည့်​တည့်
အနူးညံ့ဆုံး​သော အကြည့်​​တွေ ​ပေးအပ်​လာတဲ့အခါ...
သေချာတယ်​..။
ကျွန်​​တော့်​ခံနိုင်​ရည်​စွမ်းအား​တွေ အဆုံးစွန်​အထိ
ယိုင်​လဲ ပြိုကျသွား​ခဲ့ပြီဖြစ်​သည်​..။

Because He is Byun Baek Hyun ( Zawgyi + Unicode )Where stories live. Discover now