Ch-3

1K 108 75
                                    

"ဟိတ် ကုကုလေး ပင်ပန်းနေပြီလား…?"

ကုန်းပိုးထားသည့် ထယ်ထယ်မှ ကုကုလေး သူ့ကျောပေါ်တွင် ငြိမ်သွားသဖြင့် လှမ်းမေးလိုက်ရသည်။

"ဟင့်အင်း…ကုကုနည်းနည်း စိတ်မကောင်းဖြစ်နေတာ…"

"ဟင်…ဘာဖြစ်လို့လဲ…ကုကုက ဘာတွေစိတ်မချမ်းသာစရာရှိလို့လဲ…
ကိုကို့ကို ပြောလေ"

"အင်း…အဟင့်…ကိုကိုကလေ…ကုကုကို တစ်ကယ်မချစ်ဘူးထင်တယ်…"

ကုကုမှရှိုက်သံသဲ့သဲ့ ကလေးနဲ့အတူ ပြောလာခဲ့သည်။

ထယ်ထယ် လည်း ကုကု ငိုနေလို့ လန့်သွားကာ ကုကုကို ကုန်းပိုးရာမှ ခနချပြီး ကုကုဘက် လှည့်ကာ ပုခုံးသေးသေးလေးတို့အား ဆုပ်ကိုင်ရင်း

"ဘာလို့အဲ့လိုတွေးရတာလဲ ကုကုလေးရာ…ကိုကို ဘာလုပ်မိလို့လဲ?...မငိုပါနဲ့တော့ ကုကုလေးရာ…"

"ဒီတိုင်း…စိတ်ထဲက ခံစားမိနေလို့…ကိုကိုက ကုကုကို အချစ်တွေ လျော့လာသလိုပဲ…"

"အဲ့လိုမတွေးရဘူးလေကွာ…အဲ့လိုလည်းခံစားမနေနဲ့… ကုကုက ကိုကိုထယ့်ရဲ့ အချစ်ဆုံးပါ…ကိုကို မပိုင်တဲ့ ကိုကို့ရဲ့ ဒုတိယ ဘဝလေးလို့လည်း ကိုကိုခံယူထားတာလေ…မငိုပါနဲ့ ကုကုလေးရယ်…တိတ်တော့နော်…ပြဿဒါးနေ့မို့ထင်တယ် ဒီနေ့တစ်နေ့လုံး ကုကုလေး ငိုထားတာကြီးပဲ…မျက်လုံးတွေလည်း ဖောင်းအစ်ပြီး မလှတော့ပဲနေလိမ့်မယ်…မငိုနဲ့တိတ်တော့နော်…"

"အီးးးဟီးးးးးအဲ့တာကြောင့်ပြောတာ ကိုကိုက ကုကုမလှတော့ရင် မချစ်တော့ဘူးလား....အီးဟီးးးး ကုကုက ကိုကိုမပိုင်တဲ့ဘဝဆိုတာကကော ဘာကြီးလဲ…အီးးးးဟီးးးးး…ကုကုက ကိုကိုထယ့်ကို ကုကုဘဝတစ်ခုလုံးကို ချက်ချင်းပေးချင်နေတာလေ…ကိုကိုက လက်မှမခံဘဲ…အဟင့်…ကုကုလည်း…ကိုကိုက ကုကုဟာ ဆိုတာကို တစ်လောကလုံးသိအောင် ပြောပြချင်တာပေါ့…ကိုကို့နားမှာက မျိုးမစစ်တဲ့အရှမတွေ တစ်ဝဲလည်လည် နဲ့ရယ်…ဒီကြားထဲ ကိုကို့သူငယ်ချင်းကြီးကလည်း ကိုကို့ကို နှိုက်မြည်းဖို့ကြံနေတာ…နေရာတိုင်းမှာ ကိုကို့ကို စိတ်မချတော့ဘူးဗျာ… ကုကုကို ကိုကို အရမယူသေးသရွေ့ အဲ့သံသယစိတ်တွေ ပျောက်တော့မှာ မဟုတ်ဘူးရယ်…အဲ့ကုကုရဲ့သံသယစိတ်ကြောင့်ပဲ ၁၈နှစ်မပြည့်ခင် ကိုကိုက ငြီးငွေ့ပြီး ထားသွားရင် ကုကုက ပိုးလိုးပက်လက်နဲ့ အသည်းတွေကွဲပြီး ကျန်ခဲ့တော့မှာပေါ့…အီးဟီးး… မောလိုက်တာ…အဟင့်…ရွှတ်"

Candy {Desist}Where stories live. Discover now