Unicode
ကူစူးလန်သည် မနက်ခင်းဆိုလျှင် တိတ်ဆိတ်ငြိမိသက်နေလေ့ရှိသော်ငြား ယနေ့မနက်တွင်တော့ဆူပူနေကြသည်။
" ကျင်းလင်! မလိုက်ရဘူးလို့ငါပြောနေတာမရဘူးလား"
ကျန်းချန်၏အော်သံကြောင့် ဟန်ကွမ်းကျွင်း ၏ယုန်တွေပင် လန့်ဖြန့်ကုန်ကြသည်။
" ကျန်းဂိုဏ်းချုပ်ဒီမှာက အသံကျယ်ကျယ်ထွက်တာကိုတားမြစ်ထားပါတယ် "
ဘေးကနေ ပြောနေသည့် လန်ကျင်းရီဆီကျန်းချန်၏မျက်စောင်းတို့ဒိုင်းခနဲရောက်သွားသည်။ ကျင်းလင်ကတော့ စီကျွေးကိုကွယ်ရပ်ကာ.." ကျင်းလင်လိုက်ချင်တယ်... "
ပြောလာသံလေးကတောင်းဆိုသည့်နှယ်ခပ်တိုးတိုး။သို့တိုင် မာကျောဟန်ကလည်းမပျောက်...။
ကျန်းချန်ဒေါသထွက်နေသည်မှာလည်း ခေါင်းမှပင်အငွေ့ထွက်မတတ်။မျက်နှာကြီးပါမီးထတောက်မတတ်။" မင်းပါလိုက်တော့ဒီကကိစ္စတွေ ငါ့ကိုဘယ်သူကူမှာလဲဟမ်"
ဘေးကလူအစုစုမှာလည်းဝင်မတားရဲကြ။ဝေ့ဝူရှန်းသည်ပင်မျက်လုံး လေးကလယ်ကလယ်နှင့် ကျန်းချန်ဘက်ကြည့်၍တစ်မျိုး။ ကျင်းလင်ဘက်ကြည့်၌တစ်ဖုံဗျာများနေရသည်။ ဟန်ကွမ်းကျွင်း ၏ ကျောက်စိမ်းနှယ်မျက်နှာတော်မှာတော့ မထူးခြားသလိုမတုန်မလှုပ်။
အဆိုးရွားဆုံးကားစီကျွေး..
အနောက်မှာကွယ်ရပ်နေသည့်ကျင်းလင်ကို လည်း ဘာလုပ်ရမည်မသိ။ကျန်းချန်ကိုလည်းပြန်ပြော၍ မရသည်မို့ ကြားထဲကချွေးပြန်နေရပါသည့်အဖြစ်။ အဆုံးတွင်တော့မတတ်သာသည်မို့လေပြေလေးထိုးကြည့်ရှာသည်..။" ဟ်ို ကျန်းဂိုဏ်းချုပ် ကျင်းလင်လိုက်ချင်ရင် ထည့်လိုက်ပါလား အတွေ့အကြုံအသစ်ရတာပေါ့.. "
YOU ARE READING
Retrieving The Lost Smile
Fanfictionသိုင်းလောကနံပါတ်တစ်သခင်လေး ဇယ်ဝူကျွင်းရဲ့ အပြုံးပန်းတွေပြန်ပွင့်တဲ့အခါ... တစ်လောကလုံးဟာလှပလို့.....