" မင်းက ဘာကိုပြောချင်တာလဲ..သူ့ကြည့်ရတာ ဒီမှာနေနေတာ အတော်ကြာနေပြီလိုပဲ"
ဇယ်ဝူကျွင်း ဆိုသော်ငြား အားဟွမ်မျက်လုံးတို့ကဇယ်ဝူကျွင်းထံရှိမနေ။ သူမလက်ကောက်ဝတ်ကိုကိုင်ထားမြဲ ဖြစ်သည့် ဇယ်ဝူကျွင်း လက်ထံ၌သာ...။
ဤသည်ကိုသတိပြုမိလျှင်ပြုမိချင်း ဇယ်ဝူကျွင်း လက်တို့ကိုအသာရုတ်လိုက်သည်။
" မပြောတတ်တော့ဘူး... သူ့ကြည့်ရတာ တစ်နေ့လုံးလျှောက်သွားနေပြီးည မှပြန်လာတာထင်တယ်နော်.."အားဟွမ် ကျောက်ဆောင်ပေါ်မှအသာချောင်းရင်းဆိုသည်။
" အင်းမနေ့ကတော့အဲ့လိုပဲ ဒါပေမဲ့ ငါတော့ ထွက်မပြေးဖြစ်ခဲ့ဘူး ဒဏ်ရာကြောင့်ဝင်လာတုန်းက ဒဏ်ရာရနေတော့.. ခိုစရာရပြီဆိုပြီးဝင်ခဲ့တာ မထင်မှတ်ဘဲ မိစ္ဆာအောင်းတဲ့ဂူဖြစ်နေတယ်"အားဟွမ်ပြန်ထိုင်ချကာ ဇယ်ဝူကျွင်း၏ ဒဏ်ရာကိုစေ့စေ့ကြည့်သည်။
" ဟိုအကောင်ကြီးအိပ်သွားပြီဆိုတော့ အားဟွမ်တို့လည်း ဒီမှာပဲ နားရမယ်ထင်တယ် အစ်ကိုရှီးချန် ဒဏ်ရာက အရမ်းတော့မဆိုးဘူးထင်တာပဲ ခဏ.."
အားဟွမ် ခါး၌ ရှိဆဲ ဖြစ်သောဆေးထုပ်ကိုဖွင့်ကာ"အနာ ကိုက်တာသက်သာစေမယ့်ဆေးတော့ရှိတယ် ဒီနားမှာ သောက်လို့ကောင်းမယ့်ရေမရှိ တော့.. အစ်ကိုရှီးချန် ဒီတိုင်း မျိုချ လို့အဆင်ပြေမလား."
" ရပါတယ်..."
အားဟွမ်ဆေးလုံးကို ဇယ်ဝူကျွင်း လက်ထဲအသာထည့်ကာ ဆေးသောက်ခြင်းအမှုကိုမျက်တောင်မခတ်တမ်း ငေးကြည့်နေ၏။ ထိုအခါ ဇယ်ဝူကျွင်း ခမျာဆေးမျိုချသည်ပင်မဖြောင့်နိုင်။
ဆေးလုံးသည် လည်ချောင်းတွင်းရှောရှောရှူ ရှူ မဝင်နိုင်ဘဲ သီးကုနိသည်။သို့ငြား အသံကျယ်ကျယ် ချောင်းဆိုး၍လည်းမဖြစ်သည်မို့ ကြိတ်ဆိုးရသည်။
အားဟွမ် လန့်ကာ ဇယ်ဝူကျွင်း လည်ပင်းကို လက်ချောင်းလေးများဖြင့်အသာဆွဲချနှိပ်ပေးရှာသည်။ဇယ်ဝူကျွင်း တွန်းဖယ်သော်လည်းမလွှတ်..။
YOU ARE READING
Retrieving The Lost Smile
Fanfictionသိုင်းလောကနံပါတ်တစ်သခင်လေး ဇယ်ဝူကျွင်းရဲ့ အပြုံးပန်းတွေပြန်ပွင့်တဲ့အခါ... တစ်လောကလုံးဟာလှပလို့.....