တိုင်ကပ်နာရီရဲ့လက်တံက 4ကိုညွှန်ပြနေတယ်...
အိမ်ပြန်ဖို့ ဆိုင်းပြင်နေတဲ့ ရုံးကဝန်ထမ်းတစ်ချို့ကိုကြည့်ရင်း ဂျိုးဇက် အတော်မျက်စိနောက်ရတယ်...
ဘာတွေထူးထူးခြားခြားမို့ ဒီလောက်အိမ်ပြန်ချင်နေကြတာလဲ မသိ...မှန်သားပဲကာထားတဲ့ အခန်းထဲကနေ လှုပ်လှုပ်ရွရွဖြစ်နေတဲ့ ဝန်ထမ်းတွေကို ကြည့်ရင်း ဂျိုးဇက်တွေ့လိုက်မိခြင်းပင်...
ထိုအချိန် ဂျိုးဇက်အတွေးတွေကို ဖျက်စီးလိုက်တဲ့ ကျယ်လောင်သော တံခါးခေါက်သံပေါ်လာသည်။
ဒေါက်..ဒေါက်..ဒေါက်!!!!!!!!!!"ဝင်ခဲ့ပါ"
"ဘော့စ်...ဒီနေ့ Christmas နေ့လေ...အိမ်ပြန်ပြီး မိသားစုနဲ့ Christmas ပွဲလေးမလုပ်တော့ဘူးလား..."
"ဒီနေ့က Christmas နေ့လား..."
"ဟင်....ဘောစ့်မသိဘူးလား..ဒီနေ့ကိုလေ မမှတ်မိဘူးလား..."
"အင်း မေ့နေတာကြာပီလေ.."
ခပ်ဟဟရယ်ရင်း ပြောလိုက်တော့ အတွင်းရေးမှူးမလးက ကြောင်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
သူလည်း ရီတာကို အရှိန်သတ်လိုက်ပီး computer screenပေါ်ကို အာရုံပြန်စိုက်လိုက်သည်။"ဘော့စ်...ဟိုလေ..."
".ဒါနဲ့ဝန်ထမ်းတွေကို အလုပ်ဆင်းခွင့်ပေးလိုက်တော့...သူတို့လည်း အိမ်ပြန်ယောပေါ့...မင်းလည်းဆင်းလို့ရပီ လီယာ..."
သူပြောလိုက်သည်နဲ့ ချက်ချင်းပဲ ခေါင်းညိတ်ပြရင်း အခန်းပြင်ကို လီယာထွက်သွားသည်။
ခနလောက်အကြာမှာတော့ အခန်းပြင်မှာ အလုပ်ဆင်းရန်ပြင်ဆင်နေကြတဲ့ဝန်ထမ်းတွေကို တွေ့လိုက်ရသည်။
*aww...သူတို့ပြန်ချင်ပုံထောက်ရင် သူတို့မိသားစုက သူတို့အလာကိုမျှော်နေကြမယ်ထင်တယ်...ငါစောစောရုံဆင်းခိုင်းလိုက်တာ မှန်သွားတာပဲ..."
ဂျိုးဆက်ပြုံးနေမိသည်။
🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄
YOU ARE READING
🎅ဆန်တာဖန်တီးသော အချစ်🎅🎄one shot)
Fantasyခရစ်စမတ်နေ့မှာ စတင်တဲ့အချစ်တစ်ခုရယ် ကောင်းလေးနှစ်ယောက်ရယ်