Part(18)

4.1K 305 4
                                    

Zawgyi

စခန်းမှာ ထူးဆန်းတာ ၁ခုဖြစ်နေတယ်လို့ Xie ထင်လာမိတယ် သူတခုခုစားချင်ပြီးဆိုရင်လည်း သူ့တဲထဲ အလိုလိုနေရင်းရောက်လာတယ် ညဘက် ပင်ပန်းလို့ အကျီင်္မချွတ်မိရင်လည်း လုပ်ပေးနေတဲ့သူရှိတာကြောင့် သူစောင့်ဖမ်းဦးမယ်လို့တွေးမိလို့တယ်

ဒါပေမယ့်လည်း

"မြန်မြန်ပြင်ဦး Xie

"စိတ်မပူပါနဲ့ ကျွန်တော်ပြီးပါပြီ

စစ်ဖြစ်မယ်ဆိုပေမယ့် ၂ဦး၂ဖက် မထိခိုက်စေလိုတာကြောင့်ညှိုနှိုင်းဖို့ပြင်လိုက်တယ်

မွန်ဂိုတွေစီရောက်တော့ Xie တို့ထင်တဲ့အတိုငိးပင် သူတို့လည်းစစ်မဖြစ်လိုတာကြောင့်အဆင်ပြေသွားတယ်

"အဲ့ဆို မောင်မင်းဘာကိုလိုချင်လို့စစ်တိုက်တာပါလည်း

"အရှင် ကျွန်တော် တို့က ကုန်သည်ခွင့်ပဲလိုတာပါ ကျွန်တော်တို့ကို အတည်တကျမရှိတဲ့လူမျိုးဆိုပြီး ကုန်သည်ခွင့်မပေးကြပါဘူး

"အဲ့ဒါဆို မောင်မင်းတို့လိုချင်တာ ကုန်သည်ခွင့်ပေါ့

"ဟုတ်ပါတယ်အရှင်

"အကယ်၍ မောင်မင်းတို့ကို ကုန်သည်ခွင့်ပြုရင် ကိုယ်တော်တို့ တိုင်းပြည်အတွက်ဘာအကျိုးအမြတ်ရမလည်း

"ဟုတ်ကဲ့ပါ ကျွန်တော်တို့က တိုင်းဒေသများစွာကို လှည့်လည်သွားနေတဲ့သူတွေမို့လို့ ထူးခြားတာတွေ ဆန်းသစ်တာတွေဆို အရှင်တို့ကို ဆက်သပါ့မယ်

"ကောင်းပြီလေ မောင်မင်းတို့ပြောတာကိုသဘောတူတယ်

"ကျေးဇူးတင်ပါတယ်

"နောက်နေ့ကြရင် မောင်မင်းတို့ စီကို စာလွှာပို့ပေးပါ့မယ်

"ကျေးဇူးကြီးမြတ်လှပါတယ် အရှင်

Xie နဲ့ Dong ဘယ်လိုပဲပေါင်းပေါင်းစစ်ဖြစ်ရင် မွန်ဂိုလို လူအင်အားတောင့်ပြီးသန်မာတဲ့သူတွေနဲ့ လေ့ကျင့်စစ်သည်တွေတိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ ဒီတခေါက် အေးအေးဆေးဆေး အဆင်ပြေတာကိုပဲ ကျေးဇူးတင်ရမယ်

Xie တဲကိုပြန်ရောက်တော့ Dong ကတော့ သူ့ရဲ့ ကိုယ်ဝန်ရှိနေတဲ့ မိန်းမကို စိတ်မချလို့ဆိုပြီး တချက်တောင်မနားပဲ တိုင်းပြည်ကို ပြန်သွားကြတယ်

BLACK MOONWhere stories live. Discover now