ကျွန်တော်က "အကို" လို့ချွဲချွဲပြီး ဆိုးချင်ရုံလေးပါဆိုနေ။
သေးကွေးတဲ့အကို့ကိုယ်လေးကို ဖက်တွယ်ပီး ချစ်ကြောင်းတွေပြောပြချင်တဲ့ ကျွန်တော်။
အကိုနဲ့အတူအာတာပူစီစားပီး အကိုဘယ်လောက်လှကြောင်းတိုက်ခတ်တဲ့လေပြေတွေကို သက်သေထူပြချင်တဲ့ ကျွန်တော်။
အကိုကသိပ်ခက်တယ်။
ကျွန်တော်ဖွင့်ပြောမှ ငြင်းရတယ်လို့ ။
အကို့ကို စိတ်ဆိုးလို့ ကျွန်တော်လေတင်းတောင်!
"ဟဲ့ ဂျုံအင်ရေ တံခါးသွားဖွင့်ပေးပါဦး"
ဟ အကို့ကို စိတ်ကောက်တဲ့အကြောင်းတောင်ဖြောင့်ဖြောင့်ရေးခွင့်မရှိတဲ့ ဂျုံအင်လေးပါ အကိုရေ။
အကိုရေ ကျွန်တော့အဖြစ်ကို ကြည့်ပါဦးဗျာ။တင်းတောင်!
"ဟဲ့ ဂင်ဂျုံအင်!"
"သွားမယ်ဗျ သွားမယ်တကယ်ပဲ အပေါ်ထပ်က လူကိုအော်ခေါ်နေရတယ်လို့ မားသားကတော့ အီးး"
"ဒီကောင်လေးငိုပြန်ပီ!"
စိတ်ပေါက်ပေါက်နဲ့ တံခါးကို ဆွဲဖွင့်ပစ်လိုက်တော့မြင်ကွင်းထဲရောက်လာတဲ့ အကို။
"အကိုကဘာလာလုပ်တာလဲ"
အကိုကသူ့ မျက်မှန်ကိုင်းကိုကျော်ပြီး ဂျုံအင့်ပါးပေါ်က မျက်ရည်စီးကြောင်းကြီးကို ကြည့်လေသည်။
"ငိုနေတလား"
ငိုနေတာပါဆို ဂျုံအင်ကို ငိုနေတာလားတဲ့ -_-
"မဟုတ်ဘူး ရှူးပေါက်ချင်တာကိုအောင့်ထားလို့ မျက်လုံးကအရည်ထွက်နေတာ"
ဒေါက်!
နောက်ကနေခေါင်းကိုလာခေါက်တဲ့သူက အမေကလွဲပြီးမရှိ။
"အ! အမေ!!"
"ဂယောင်ဆူးကို အိမ်ထဲမခေါ်ပဲ နင်က ဘာလျှာရှည်နေတာလဲ"
"ဟ မခေါ်ဘူး မခေါ်ဘူးလို့!!!"
"မျက်ရည်တွေလဲသုတ် နင့်ကိုနင်ကလေးထင်နေတာလား!"
"မားသားက ကွိုင်ပဲဟာ"