OUR UTOPIA - 8

10.3K 1.3K 194
                                    

(Unicode)

သူ့ရင်ဘတ်ကို စောင့်တွန်းလိုက်သော
ထယ်ယောင်းကြောင့် ဂျုံးဂုအနောက်ဘက်သို့
ယိုင်သွားခဲ့သည်။

ဂျုံးဂုသည် နားမလည်နိုင်သောမျက်လုံးများဖြင့်
ထယ်ယောင်းအား ဆွံ့အစွာကြည့်မိလိုက်သည်။

ကျွန်တော် ဘာတွေအဲ့လောက်မှားသွားလို့လဲ....?

မေးခွန်းပေါင်းများစွာက ရင်ဘတ်ထဲမှ
ရုန်းကြွနေလျက်ရှိသည်။မခံချင်စိတ်နဲ့
ရှက်စိတ်ကြောင့် ဂျုံးဂုမျက်နှာက နီမြန်း
နေခဲ့ပြီး သူ့နှလုံးသားကတော့ နာကျင်လွန်းမက
နာကျင်လာခဲ့သည်။

" နောက်ကို အဲ့လိုအပြုအမှုမျိုးလာမလုပ်နဲ့ ...
ငါ မကြိုက်ဘူး ... ရွံ့တယ် "

တုန့်ပြန်စရာစကားလုံးတို့ လုံးဝပျောက်ဆုံးသွားပြီပဲ
ဖြစ်သည်။

နှုတ်ခမ်းကိုခပ်ကြမ်းကြမ်းပွတ်သပ်ရင်း
သူ့အားချန်ခဲ့သော ထိုကျောပြင်သည်
အစ်ကို့ရဲ့ အပြင်းထန်ဆုံးသော ဥပေက္ခာ
တရားများပင်ဖြစ်လိမ့်မည်ထင်ပါသည်။

ထိုနေ့ညက ဘဝရဲ့ပထမဆုံးသောမျက်ရည်
များကို ရေချိုးခန်းထဲမှာ ဂျုံးဂု သွန်ချခဲ့မိသည်။

ဘာတွေဆက်လုပ်ရမှန်းမသိအောင်
ပျောက်နေတဲ့လမ်းတွေမှာလည်း အစ်ကို့ကိုပဲ
သူ ထပ်တလဲလဲရှာဖွေလာခဲ့တာ။
သိပ်ကြမ်းတမ်းတဲ့မုန်တိုင်းတွေနဲ့ကြုံတဲ့အခါတိုင်းလည်း
အဲ့ဒီ့မိုးစက်ကလေးကိုပဲတောင့်တရင်း
အမောတွေပြေခဲ့ရတာ။

အခုတော့ သူကွဲကွဲပြားပြားသိဖို့ လိုလာခဲ့ပြီ။

အစ်ကို့ရင်ထဲမှာ သူတကယ်ပဲရှိနေတာရော
ဟုတ်ရဲ့လား။

'''''' O U R U T O P I A ''''''

ဂျုံးဂုဆီဖုန်းခေါ်မယ်ကြံတိုင်း ထယ်ယောင်း
ချီတုံချတုံဖြစ်နေမိသည်။ ထို့ကြောင့် ယွန်းဂီကိုပဲ
အရင်ဆုံးဖုန်းခေါ်ဖြစ်ခဲ့သည်။

ဂျုံးဂုက သူ့ဆီသို့တစ်ခါမှဖုန်းမခေါ်ခဲ့ဖူးချေ။
ဖုန်းခေါ်ဖို့messageပို့ပြီးအမြဲခွင့်တောင်းတတ်သော
ဂျုံးဂုကို သူကသာလျှင် ပိတ်ပင်ခဲ့မြဲ။
messenger မှာ typing ရိုက်လျှင်တောင်
သူ့ လက်တွေတုန်ယင်လာတတ်သည်။ ဂျုံးဂုက
အပြင်မှာတွေ့လျှင် သာမာန်သူငယ်ချင်းတွေ
လိုမျိုး သူ အနေမခက်အောင်ဆက်ဆံလေ့ရှိပေမယ့်
နှစ်ယောက်တည်းတွေ့သည့်အခါဖြစ်စေ၊
SNS အသုံးပြုလျှင်ဖြစ်စေ ...ခံစားချက်များကို
ရင်ဖွင့်လေ့ရှိသည်။တစ်ခါတစ်ခါစကားသိပ်
တတ်ပြီး တစ်ခါတစ်ခါလည်း အသည်းပုံပေါင်း
သောင်းခြောက်ထောင်ပို့ပြီး " အစ်ကိုကျွန်တော်
ဘာဆက်ပြောရမလဲမသိတော့ဘူး"ဟုဆိုကာ
ပြောတတ်လေသည်။

OUR UTOPIA [Completed]Where stories live. Discover now