အပိုင်း (၁)

2.3K 38 2
                                    

အခန်းတစ်​ခန်းထဲမှာ ဒူး​ထောက်​​ခေါင်းငုံပြီး ​တောင်းပန်​​နေတဲ့လူတစ်​​ယောက်​နဲ့ အဲ့လူ​ရှေ့မတ်​တပ်​ရပ်​ပြီး မဲ့ပြုံးကိုပန်းဆင်းထားတဲ့လူတစ်​​ယောက်

ဘာလို့ ဒူး​ထောက်​​တောင်းပန်​​နေတဲ့လူက မတ်​တပ်​ရပ်​​နေတဲ့လူကို ​တောင်းပန်​​နေရတာလဲ။မတ်​တပ်​ရပ်​​နေတဲ့လူက​ရော ဘာဟုတ်​လို့လည်း ဒူး​ထောက်​​တောင်းပန်​​နေတဲ့လူက​ရော
ဘာ​တွေ ကျူးလွန်​ထားလို့ ​ကြောက်​လန့်​တကြား ဒူး​ထောက်​ပြီး​တော့​တောင်​ ​တောင်းပန်​​နေရတာလဲ။

နောက်​​တော့ မတ်​တပ်​ရပ်​ပြီး မဲ့ပြုံးကို ပန်းဆင်​ထားတဲ့လူက သူ့​ဘေးနားက လူတစ်​​ယောက်​ကို
လှမ်းပြီး​တော့ အမိန့်​​ပေးလိုက်​တယ်​။

"ဇ ငါ သူကို မမြင်​ချင်​​တော့ဘူး မင်းကို လက်​လွဲ​ပေးလိုက်​ပြီး မင်းကြိုက်​သလို စီမံလိုက်​​တော့ "လို့​ပြောပြီး ဇ ပခုံးကို ပုတ်​ကာ ထွက်​သွားဖို့​ခြေလှမ်းပြင်​လိုက်​တယ်​။

ဇက သူ့အိပ်​ကပ်​ထဲက ဓါးကိုထုတ်​ပြီး ဒူး​ထောက်
တောင်းပန်​​နေတဲ့လူဆီကို ​ဖြေး​ဖြေးချင်​ သွားလိုက်​တယ်​။

ဒူး​ထောက်​ပြီး​တောင်းပန်​​နေတဲ့လူကလည်း ဇ
ဓါးကိုင်​ပြီးလာ​နေတာကိုလည်း မြင်​​ရော ထွက်​သွား
ဖို့်​ပြင်​​နေတဲ့ လူဆီကို ​ပြေးလိုက်​ပြီး​တော့ သူကို မသတ်​ဖို့ကို အကူအညီ​တောင်းလိုက်​တယ်​။

"boss ကျွန်​​တော်​ကို ဒီတစ်​ခါဘဲ အသက်​ကို
ချမ်းသာ​ပေးပါ boss boss "

"boss ခိုင်းသမျှ အလုပ်​​တွေအကုန်​လုပ်​​ပေးပါမယ်​ ဒီတစ်​ကြိမ်​​တော့ အသက်​ကို ချမ်းသာ​ပေးပါ boss "

ထွက်​သွားဖို့ပြင်​​နေတဲ့လူက ဒူး​ထောက်​​တောင်းပန်​​နေတဲ့လူရဲ့စကားကိုလည်း ကြား​ရော ​ရှေ့ကို ဆက်​သွားဖို့ ပြင်​​နေတဲ့ သူရဲ့​ခြေလှမ်း​တွေကို ရပ်​တန့်​ပစ်​လိုက်​ပြီး ​အနောက်ကို စူးရဲစွာနဲ့ပြန်စိုက်ကြည့်လိုက်တယ်။

နောက်​​တော့ အကျယ်​ကြီး ​အော်​ရယ်​ပစ်​လိုက်​တယ်​။

"ဟား ဟား ဟား "

နှလုံးသား ​စေရာ Where stories live. Discover now